အစ္စရေး- အီရန်အရေး တူကီယဲနှင့် အမေရိကန်ဆွေးနွေး



အန်ကာရာ    ဇွန်   ၁၅

တူကီယဲသမ္မတ   အာဒိုဂန်သည် ယမန်နေ့က အမေရိကန်သမ္မတထရမ့်နှင့် အစ္စရေး- အီရန် အရေး အပြင် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များကို ဖုန်းဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း  တူကီယဲ သမ္မတရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးနှင့် အီရန်အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအား နျူကလီးယားဆွေးနွေးပွဲတွင် ထည့်သွင်းညှိနှိုင်းအဖြေရှာသင့်သည်ဟု   ယူဆကြောင်း အာဒိုဂန်ကပြောကြားသည်။

သံတမန်နည်းလမ်းဖြင့်သာ တင်းမာမှုများကို လျှော့ချနိုင်မည်ဟု ယုံကြည်ကြောင်းလည်း   ၎င်းက ဖြည့်စွက်ပြောကြားသည်။

တူကီယဲအနေဖြင့် နှစ်ဖက်အကြား တင်းမာမှုများကို လျှော့ချနိုင်စေရေးအတွက် တတ်စွမ်းသမျှ အကူအညီပေးအပ်မည်ဟု ၎င်းကပြောကြားသည်။

ခေါင်းဆောင်နှစ်ဦး၏ဆွေးနွေးမှုသည် ဒေသတွင်း ပဋိပက္ခများအရှိန်မြင့်တက်နေချိန်တွင် ပြုလုပ် ခြင်းဖြစ်သည်။ ဇွန် ၁၃ ရက်မှစတင်၍ အီရန်နှင့် အစ္စရေးအကြား အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ

No comments

Powered by Blogger.