မွန်ဂိုလီးယားနိုင်ငံ၌ ယခုနှစ်အတွင်း ရေနှင့်ဆက်စပ်သည့်မတော်တဆမှုများကြောင့် ၁၆ ဦး သေဆုံး
ဇွန် ၁၉
မွန်ဂိုလီးယားနိုင်ငံတွင်
၂၀၂၅ ခုနှစ် နှစ်အစပိုင်းမှစတင်ကာလက်ရှိအချိန်အထိ ရေနှင့်ဆက်စပ်သည့်မတော်တဆမှုများ
ဖြစ်ပွားမှုကြောင့် ၁၆ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားအဆင့်အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ
အင်န်အီးအမ်အေက ယမန်နေ့ကပြောကြားသည်။
အဆိုပါမတော်တဆဖြစ်ပွားမှုများတွင်
ကလေးငယ်လေးဦးနှင့် အရွယ်ရောက်သူ ၁၂ ဦးတို့သေဆုံးခဲ့သည်ဟု အင်န်အီးအမ်အေက ဆိုသည်။
နိုင်ငံအတွင်းရှိ အဓိကမြစ်ကြီးများဖြစ်သော
စီလန်ဂီ၊ အော့ဟွန်၊ ခြူလ်အွတ်နှင့် တူလ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
ရေမျက်နှာပြင်သတိပေးချက်အဆင့် ၅ မှ ၁၅ စင်တီမီတာသို့ကျော်လွန်ခဲ့ရာ ရေကြီးရေလျှံမှုများဖြစ်ပွားမှုမှကာကွယ်ရန်အလို့ငှာ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်ကြရန် ပြည်သူများအား
အင်န်အီးအမ်အေက တိုက်တွန်းပြောကြားသည်။
၂၀၂၄ ခုနှစ်က ရေနှင့်ဆက်စပ်သည့်မတော်တဆဖြစ်ပွားမှုများကြောင့်
ကလေးငယ် ၁၄ ဦး အပါအဝင် စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့သည်ဟု ထိုအေဂျင်စီ၏ပြောကြားချက်အရ
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments