စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးကွက်အတွင်း လတ်ဆတ်စွာရောင်းချပေးနိုင်ရေး စနစ်တကျစီမံဆောင်ရွက် ဒေသတွင်း၌ အခြေခံစားကုန်များ ဖူလုံပေါများစွာ စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်ပါက ကုန်ဈေးနှုန်း ကြီးမြင့်မှုများလည်း လျော့ကျသွားစေမည်
နေပြည်တော် ဇွန် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊
ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင်
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း ရွှေပြည်
စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင် ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု
စစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ စိုက်ပျိုးမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌
ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် တာဝန်ခံက စိုက်ပျိုး မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊
ဥစားကြက် မွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊
အသားတိုးဝက်မွေးမြူထားရှိမှုနှင့် ဝက်သားပေါက်ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိမှု၊ အစေ့ထုတ်ပြောင်းစပ်မျိုး
စိုက်ပျိုးထုတ်လုပ် ဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်နေမှုနှင့်
အထွက်တိုးပြောင်းမျိုးစေ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ
အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုး မွေးမြူရေးဇုန်မှ
ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးကွက် အတွင်းသို့
လတ်ဆတ်စွာဖြင့် ရောင်းချပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းမှာ တိုင်းဒေသကြီးအတွင်းရှိ
လူဦးရေ ၇ သန်းကျော် အတွက် နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုး နှင့် ဟင်းသီး ဟင်းရွက်စားသုံးမှု
လိုအပ်ချက်ကို ပြည့်မီစေရန်ဖြစ်ကြောင်း၊ လူဦးရေ ၇ သန်းကျော်၏ နေ့စဉ်အသား စားသုံးမှု
လိုအပ်ချက်ကို စနစ်တကျဖြင့် တွက်ချက်ထားရှိရန်လိုပြီး ဇုန်အလိုက်လို လားချက်ပြည့်မီအောင်
စိုက်ပျိုးမွေးမြူ ထုတ်လုပ်ပေးနိုင်ရန်လိုကြောင်း၊ ဒေသတွင်း၌ အခြေခံစားကုန်များကို
ဖူလုံပေါများစွာဖြင့် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်း ကြီးမြင့်မှုများကိုလည်း
လျော့ကျသွားစေမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်စားသုံးမှုအတွက် အသား၊
ငါးနှင့် ဥများလိုအပ် ကြောင်း၊ ထုတ်လုပ်မှုနှင့်စားသုံးမှု မျှတမှသာ သင့်တင့်သည့် ဈေးနှုန်းများဖြစ်မည်ဖြစ်ကြောင်း၊
ထို့ကြောင့် အသား၊ ငါးနှင့် ဥများကို ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
အလားတူ အသီးအနှံများကိုလည်း မိမိတို့ တိုင်းဒေသကြီးအတွင်း ပေါများနေအောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊
မီးဖိုချောင်သုံးသီးနှံများကိုလည်း လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်သွားရန်လိုကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး
မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် အသား၊
ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသူများလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိစေရေး
ဈေးကွက်အတွင်းသို့ အလျင်အမြန် ဖြန့်ဖြူးရောင်းချ ပေးရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
ပြည်သူများ ပေါပေါသီသီစားသုံးနိုင်ရေးဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုး
မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အထွက်နှုန်း များ တိုးတက်ကောင်းမွန်အောင်
ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် ရွှေပြည်စိုက်ပျိုး မွေးမြူရေးဇုန် အကွက်ချပုံစံငယ်အား
ကြည့်ရှု၍ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွား ရန်လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း
လှည့်လည်၍ အအေးပေးစနစ်ဖြင့် အသားတိုးဝက်များ မွေးမြူထားရှိမှု၊ ဥစားကြက်များကို
Fully automatic စနစ်ဖြင့် မွေးမြူထားရှိမှုတို့အား ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments