ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ သားသမီးများအား ၂၀၂၅ - ၂၀၂၆ ခုနှစ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကျင်းပ

 



တောင်ကြီး ဇွန် ၁၅

 

ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ သားသမီးများမှ တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့တွင် တက်ရောက် သည့် ကျောင်းသားကျောင်းသူများ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားပြီး တက္ကသိုလ် အဆင့် ကျောင်းသား ကျောင်းသူများနှင့် အခြေခံ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အခြေခံပညာ အလယ်တန်းအဆင့်နှင့် အခြေခံ ပညာမူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို လည်းကောင်း ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ကြသည်။

 

အဆိုပါ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏သားသမီးများ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၅၉ ဦး အတွက် ပညာသင်စရိတ် ငွေကျပ် ၁၄၅၀၀၀၀၀ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ရှမ်းပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံ ဖြစ်ခဲ့မှုကြောင့် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ရှင်းလင်းခြင်းကို တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်လမ်းဦးစီးဌာန ဦးစီးမှူးက ရွှေညောင် - ညောင်ရွှေကား လမ်းပေါ် ရေကြီးရေလျှံဖြစ်ပေါ်မှုနှင့် ပတ်သက်၍ ရှင်းလင်း၍ ပြည်နယ် လမ်းကြီးကြပ်ရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူးက ခေါင်တိုင်-အင်းတိန်-နာဋောင်းကျ-ကျေးပေါ ခုံ-တောင်တို-နောင်ကျော် မှော်ဘီ လမ်းတွင် ရေကျော်မှုဖြစ်ပွားသည့်နေရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ တက်ရောက် လာသူများက အထွေထွေဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.