ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ လွှဲပြောင်းပေးအပ်
ပဲခူး ဇွန် ၁၅
တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည် မီးငြှိမ်းသတ်ယာဉ်များနှင့်
ရှာဖွေ ကယ်ဆယ်ရေး မီးသတ်ယာဉ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တိုင်းဒေသကြီး
မီးသတ်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌
ကျင်းပသည်။
ဦးစွာ မီးသတ်ရေယာဉ်များနှင့်ပတ်သက်၍ အချက်အလက်များအား တိုင်းဒေသကြီး
မီးသတ် ဦးစီးဌာနမှူးက လိုက်လံရှင်းလင်းတင်ပြမှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးသတ်ယာဉ်များ
ဝယ်ယူဖြည့်တင်းပေးခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရေး
ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ်များအား လိုအပ်သည့် ဒေသများသို့ ချက်ချင်းခွဲဝေ
ချထားပေးရန်နှင့် မီးသတ်ယာဉ်များ ခွဲဝေချထားပေးရာတွင် မြို့နယ်အလိုက် လူဦးရေ၊ အိမ်ခြေ၊
အိမ်ထောင်စုနှင့် မြို့တွင်းဝင်/ထွက်လမ်းကို အခြေခံပြီး မီးသတ်ယာဉ် အမျိုးအစားအလိုက်ခွဲဝေချထား
ပေးရန်၊ မီးသတ်သမားများအား မီးသတ်ယာဉ်များနှင့် အကျွမ်းတဝင်ရှိစေရေး လေ့ကျင့်ခြင်း၊
စွမ်းရည်မြှင့် သင်တန်းများပို့ချပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ စဉ်ဆက်မပြတ်
ဆောင်ရွက်ရန် နှင့် နေ့စဉ်အချိန်ပြည့် ယာဉ်အသင့်၊ စက်အသင့်၊ လူအသင့်ဖြစ်ရန် လိုအပ်ကြောင်း
ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့
ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူ 6x6 Fire Fighting Vehicle (Water 2800 Gal &
Foam 900 Gal) မီးသတ်ယာဉ် ၁၀ စီး၊ 4x2 Fire Fighting & Rescue Vehicle နှစ်စီး၊
အပေါ့စား မီးသတ်စက် အလုံး ၃၀ နှင့် Chain Saw အလုံး ၃၀ တို့ကို တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးထံ
လွှဲပြောင်းပေးအပ်သည်။ ထို့နောက် မီးသတ်ယာဉ်များဖြင့် သရုပ်ပြမီးငြှိမ်းသတ်ခြင်း ကိုပြသရာ
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေး ကြသည်။
အဆိုပါ မီးငြှိမ်းသတ်ယာဉ် ၁၀ စီးကို ဒိုက်ဦး၊ ရေတာရှည်၊ ဖြူး၊ ပြည်၊
ပန်းတောင်း၊ သဲကုန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ လက်ပံတန်းမြို့နယ်များသို့ ဖြန့်ခွဲပေးသွားမည်ဖြစ်ပြီး
ရှာဖွေကယ်ဆယ်ရေး မီးသတ်ယာဉ်နှစ်စီးကို ပဲခူးမြို့နယ်နှင့် သာယာဝတီခရိုင်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments