ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်စွာဆောင်ရွက်
ရန်ကုန် ဇွန် ၁၆
ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှိနိုင်ငံတကာအဆင့်မီ
ခုနစ်ထပ် ဆောင်သစ်၊ သွေးရောဂါအထူးကုဌာန၊ (Bone marrow Transplant Center) ၂၀၂၅ ခုနှစ်
မေလအတွင်း ခြင်ဆီကင်ဆာ လူနာသုံးဦးနှင့် သွေးပြန် ရေကျိတ်ကင်ဆာလူနာ တစ်ဦး စုစုပေါင်း
လူနာ လေးဦးအား ခြင်ဆီ အစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ
ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါလူနာလေးဦးတွင် လူနာ သုံးဦးမှာ ကျန်းမာရေး ကောင်းမွန်သဖြင့်
ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်လူနာ တစ်ဦးမှာလည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း၊
၎င်းမှာ သွေးပြန်ရည်ကျိတ် ကင်ဆာ (lymphoma) ရောဂါ ခံစားနေရသူဖြစ်ပြီး အေးခဲခြင်ဆီ
(Cryopreservation) ပြုလုပ်၍ ခြင်ဆီအစားထိုးကုသမှု ပထမဆုံး ဆောင်ရွက် ခဲ့သည့်လူနာဖြစ်ကြောင်း
သိရသည်။
လူနာလေးဦးမှာ ကျုံပျော်မြို့နယ် ဧရာ ဝတီတိုင်းဒေသကြီးမှ ၄၆ နှစ်အရွယ်
အမျိုး သမီးတစ်ဦး၊ မန္တလေးမြို့မှ ၆၅ နှစ်အရွယ် အမျိုးသား တစ်ဦး၊ ရွှေပြည်သာမြို့နယ်
ရန်ကုန်မြို့မှ ၅၇ နှစ်အရွယ် အမျိုးသား တစ်ဦး နှင့် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်မြို့မှ
၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အဆိုပါ ခြင်ဆီအစားထိုးကုသခြင်း (Bone
marrow Transplant) ကို ဆေးရုံအုပ်ချုပ်မှု အဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကု
ဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊
ကျွမ်းကျင်သူနာပြု ကြီး/ငယ်များ၊ အထောက်အကူပြု ဝန်ထမ်းများ အားလုံး ပူးပေါင်းပါဝင်
ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီအစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင်
သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀
ပြည့်နှစ် တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ် ယခုအချိန်အထိ လေးဦး စုစုပေါင်း
၁၉ ဦးကို ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူများ ကျန်းမာရေး ကုန်ကျစရိတ်သက်သာစေရေး အတွက်
ပြည်တွင်းမှာပင် ခြင်ဆီအစားထိုး ကုသခြင်း များကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments