ဂျပန်နိုင်ငံ၌ အပူလှိုင်း ဆက်လက်ဖြစ်ပေါ်



တိုကျို  ဇွန်  ၁၈

ဂျပန်နိုင်ငံ  ဒေသအနှံ့အပြား၌ ဇွန်  ၁၈  ရက်တွင် အပူချိန် ဆက်လက်ပြင်းထန်ခဲ့သည်။    ဒေသ အများအပြားတွင် အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ယင်းထက် အပူချိန်မြင့်မားလျက် ရှိသည်။

နေ့အပူချိန်များမှာ ဂီဖူခရိုင်  တီဂျီမီမြို့တွင် ၃၇ ဒသမ ၆ ဒီဂရီ၊ အိုက်ချီခရိုင်  တိုယိုတာတွင်  ၃၇ ဒသမ ၅ ဒီဂရီနှင့် နာဂိုယာတွင် ၃၆ ဒသမ ၈ ဒီဂရီ အသီးသီးရှိကြသည်။    ကျိုတိုတွင်      အမြင့်ဆုံး အပူချိန်မှာ ၃၆ ဒသမ ၅ ဒီဂရီနှင့် ကိုဖူတွင်   ၃၆  ဒသမ     ဒီဂရီရှိသည်။ တိုကျိုအလယ်ပိုင်းတွင် အမြင့်ဆုံးအပူချိန်မှာ ၃၄ ဒသမ ၄ ဒီဂရီဖြစ်သည်။

မွန်းလွဲ သုံးနာရီအထိ အသက် ၁၅ နှစ်မှ ၉၄ နှစ်အကြား လူပေါင်း ၅၇ ဦးကို အပူလျှပ်သည်ဟု သံသယရှိသည့်အတွက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်ဟု တိုကျိုမီးသတ်ဌာနက ပြောသည်။

ဇွန် ၁၉ ရက်တွင်လည်း အပူချိန်ဆက်လက်မြင့်မားနေဦးမည်ဟု ခန့်မှန်းထားသည်။ နာဂိုယာနှင့် ဂီဖူခရိုင်တို့တွင် နေ့အပူချိန်မှာ ၃၇ ဒီဂရီရှိမည်ဟု ခန့်မှန်းထားသည်။ ပြည်သူများအနေဖြင့် လိုအပ် ပါက လေအေးပေးစက် အသုံးပြုရန်၊    ပြင်ပလှုပ်ရှားမှုများ ပြုလုပ်စဉ်အတွင်း  မကြာခဏ အနားယူ ရန်နှင့် ရေနှင့်ဓာတ်ဆားသောက်သုံးရန်      အကြံပြုထားသည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.