၂၀၂၅-၂၀၂၆ ရာသီ ပရီမီယာလိဂ်ပွဲစဉ်များ ရေးဆွဲထုတ်ပြန်အဖွင့်ပွဲစဉ်တွင် ချန်ပီယံ လီဗာပူးက ဘုန်းမောက်အသင်းနှင့် တွေ့ဆုံ



၂၀၂၅-၂၀၂၆ ရာသီ  ပရီမီယာလိဂ်ပွဲစဉ်များကို     ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ    ချန်ပီယံလီဗာပူး အသင်းက  လာမည့်  ဩဂုတ် ၁၅ ရက်တွင်  ဘုန်းမောက်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။ မန်ယူအသင်းက အာဆင်နယ်အသင်းကို အိုးထရက်ဖို့ဒ်ကွင်း၌ လက်ခံယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

၂၀၁၆-၂၀၁၇ နောက်ပိုင်း ပရီမီယာလိဂ်ကို တစ်ကျော့ပြန်တက်လှမ်းလာသည့်  ဆန်းဒါးလန်း အသင်းက အဖွင့်ပွဲစဉ်အဖြစ်   အိမ်ကွင်း၌ ဝက်စ်ဟမ်းအသင်းကို  ဧည့်ခံယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ ချန်ပီယံရှစ်အမှတ်ပေးဖလား ဆွတ်ခူးနိုင်ခဲ့သည့် လိဒ်စ်အသင်းက အဲဗာတန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့အပြင် တန်းတက် ဘန်လေအသင်းက ယူရိုပါလိဂ်ချန်ပီယံ စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းက ဝုဖ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အခြား ပွဲစဉ်များတွင် အက်စ်တွန်ဗီလာက နယူးကာဆယ်၊ ဘရိုက်တန်က ဖူလ်ဟမ်၊ နော်တင်ဟမ်က ဘရန့်ဖို့ဒ်၊ ချယ်ဆီးက ခရစ္စတယ် ပဲလေ့စ်အသင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံနေသည်။

မန်ယူအသင်းနည်းပြ အမ်မိုရင်သည် ၂၀၂၅-၂၀၂၆ ရာသီ ပရီမီယာလိဂ်အဖွင့်ပွဲစဉ် ငါးပွဲတွင် အသင်း ကြီးများဖြစ်သည့် အာဆင်နယ်၊ မန်စီးတီးနှင့် ချယ်ဆီးအသင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံနေသည့် အတွက် ရာသီအစတွင်ပင် ဖိအားများနှင့်   ရင်ဆိုင်သွားရမည်ဖြစ်သည်။

၂၀၂၅-၂၀၂၆ ရာသီ ပရီမီယာလိဂ်ပွဲစဉ်များကို  ၂၀၂၅  ခုနှစ်   ဩဂုတ် ၁၅ ရက်တွင်   စတင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်   မေ ၂၄ ရက်တွင်  အဆုံးသတ်မည်ဖြစ်သည်။                                         

အောင်ဇော်

No comments

Powered by Blogger.