နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရန် လာအိုနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်



ဗီယင်ကျန်း ဇွန် ၁၈

လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို ပူးပေါင်းတိုက်ဖျက်ရန်  နှင့် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးကို   ထိန်းသိမ်းရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်မံ အတည်ပြုခဲ့ကြသည်။

လာအိုနှင့် ထိုင်းနိုင်ငံတို့မှ ထိပ်တန်းစစ်ဘက်နှင့် နယ်စပ်လုံခြုံရေးအရာရှိများသည် နှစ်နိုင်ငံ နယ်စပ် တစ်လျှောက် မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့်   ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်    မဟာဗျူဟာမြောက်ဆွေးနွေးမှုများကို လာအိုတောင်ပိုင်း သုဝဏ္ဏခက် (Savannakhet) ပြည်နယ် တွင်   ဇွန်  ၁၅  ရက်မှ ၁၇ ရက်အထိ တွေ့ဆုံခဲ့ကြောင်း လာအို ပြည်သူ့တပ်မတော်သတင်းက   ဇွန်  ၁၈  ရက်တွင်  ဖော်ပြခဲ့သည်။

အစည်းအဝေးတွင်  ယခင်အစည်းအဝေးများမှ   သဘောတူညီချက်များကို အကောင်အထည်ဖော် ရန်နှင့် လာအို-ထိုင်းနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကို   အဓိကထားဆွေးနွေးခဲ့ ပါသည်။

နှစ်ဖက်အဖွဲ့များသည် နယ်စပ်ဒေသငြိမ်းချမ်းလုံခြုံပြီး မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် လှုပ်ရှားမှု များ    ကင်းစင်စေရန် သဘောတူညီခဲ့ကြသည်။

နယ်စပ်ဒေသကို ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဇုန်အဖြစ်  အသွင်ပြောင်း နိုင်ရန်အတွက်  မူးယစ်ဆေးဝါးပြဿနာကို  ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ပြီး ထိရောက်သော အစီအမံတစ်ရပ်ကို    ဖော်ဆောင်သွားရန် နှစ်နိုင်ငံသဘောတူညီခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ကျယ်ပြန့်သော ဒေသတွင်းနှင့် နိုင်ငံတကာကြိုးပမ်းမှုများနှင့် ကိုက်ညီ ပြီး မူးယစ်ဆေးဝါးကင်းစင်သော အသိုက်အဝန်းများ ဖန်တီးပေးမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာစေရန် နှစ်ဖက်စလုံးမှ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ 

ဆင်ဟွာ

No comments

Powered by Blogger.