ကမ္ဘာ့အဆင့် (၁) ဆင်းနား ဝင်ဘယ်ဒန်ပြိုင်ပွဲ ၁၆ ဦးအဆင့် တက်လှမ်း
ဝင်ဘယ်ဒန်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ
တတိယအဆင့်တွင် ကမ္ဘာ့အဆင့်(၁) အီတလီတင်းနစ် အကျော်အမော် ဂျန်းနစ်ခ်ဆင်းနားသည် ပြိုင်ဘက်စပိန်တင်းနစ်
ကစားသမား ပက်ဒရိုမာတီနက်ဇ် ကို ၆-၁၊ ၆-၃၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦး အဆင့်သို့
တက်လှမ်းနိုင်ခဲ့သည်။
၎င်းသည် ဝင်ဘယ်ဒန်ပြိုင်ပွဲ
ပထမအဆင့်တွင် အီတလီတင်းနစ်ကစားသမား နာဒီကို ၆-၄၊ ၆-၃၊ ၆-၀ ရလဒ်ဖြင့်လည်းကောင်း၊ ဒုတိယအဆင့်တွင်
ဩစတြေးလျ တင်းနစ်ကစားသမား အလက်ဇန္ဒြား ဗူကစ်ကို ၆-၁၊ ၆-၁၊ ၆-၃ ရလဒ်ဖြင့်လည်းကောင်း
အနိုင်ယူကျော်ဖြတ်ထားသည်။
၎င်းသည် ဝင်ဘယ်ဒန်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ
၁၆ ဦးအဆင့်တွင် ဘူလ်ဂေးရီးယားတင်းနစ် အကျော်အမော် ဒီမစ်ထရော့ဗ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဒီမစ်ထရော့ဗ်သည် ဝင်ဘယ်ဒန်
အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ တတိယအဆင့်တွင် ဩစတြီးယားတင်းနစ်ကစားသမား ဆီဗက်စတီယန်
အော့ဖ်နာနှင့် တွေ့ဆုံခဲ့ပြီး ၆-၃၊ ၆-၄၊ ၇-၆ (၇-၀) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦး
အဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။
မိုးဇက် - စုစည်းရေးသားသည်
No comments