ပါကစ္စတန်၌ ရုတ်တရက်ရေကြီးမှုကြောင့် လူပေါင်း ၆၆ ဦး ထက်မနည်းသေဆုံး



အစ္စလာမ္မာဘတ် ဇူလိုင် ၆

ပါကစ္စတန်နိုင်ငံတစ်ဝန်း ဇွန် ၂၆ ရက်မှစကာ မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုကြောင့် သေဆုံးသူ ၆၆ ဦးထက်မနည်းရှိကာ ဒဏ်ရာရရှိသူ ၁၂၇ ဦးရှိကြောင်း အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့အစည်းက ဇူလိုင် ၅ ရက်က ထုတ်ပြန်ထားသည်။

အနောက်မြောက်ပိုင်း  ခိုင်ဘာပါ့တွန်ခွာပြည်နယ်၌ အဆိုးရွားဆုံးဖြစ်ပြီး ကလေး  ၁၁  ဦး အပါအဝင် လူပေါင်း ၂၄ ဦး သေဆုံးကြောင်း၊ ဆင်းဟ်ပြည်နယ်တွင်  သေဆုံးသူ  ၁၅  ဦးရှိပြီး ဘယ်လိုချ စတန် ပြည်နယ်၌ ငါးဦးသေဆုံးကြောင်း သိရသည်။

နောက်ထပ် ၄၈ နာရီအတွင်း ဒေသအများအပြား၌ မိုးရွာသွန်းမှုနှင့် မိုးသက်မုန်တိုင်းများ ဖြစ်ပေါ် နိုင်သည်ဟု   ပါကစ္စတန်မိုးလေဝသဌာနက ခန့်မှန်းထားသည်။                                                 

ဆင်ဟွာ

No comments

Powered by Blogger.