ဝင်ဘယ်ဒန်ပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ဆွီယာတက်ခ်နှင့် တော်ဆန်တို့ ဆုံတွေ့
ဝင်ဘယ်ဒန် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ
၁၆ ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၈) ရှိ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် သည် ကမ္ဘာ့အဆင့်
(၂၃) တွင် ရပ်တည်နေသည့် ဒိန်းမတ်တင်းနစ်မယ် ကလဲယာ တော်ဆန်နှင့် ဆုံတွေ့နေသည်။
နာမည်ကြီး ဆွီယာတက်ခ်သည်
ယခုနှစ်ရာသီတွင် ဖလားဆွတ်ခူးထားနိုင်ခြင်းမရှိသေးဘဲ အင်ဒီးယန်းဝဲလ်စ်၊ မက်ဒရစ်အိုးပင်း၊
ပါရီအိုးပင်းပြိုင်ပွဲတို့တွင် အမြင့်ဆုံးအဖြစ် ဆီမီးဖိုင်နယ်သို့ တက်လှမ်းထားနိုင်သည်။
၎င်းသည် ယခုဝင်ဘယ်ဒန်ပြိုင်ပွဲတွင်
ကူဒါမီတိုဗာ၊ မက်နဲယ်လီ၊ ကောလင်းစ်တို့ကို ကျော်ဖြတ်ကာ
၁၆ ဦးအဆင့်သို့ တက်လှမ်းလာခြင်းဖြစ်သည်။
ပြိုင်ဘက် တော်ဆန်က နာမည်ကြီး တင်းနစ်မယ် များဖြစ်သည့် ဝတ်ဆန်၊ ကာလင်စကာယာ၊
ရွိုင်ဘာကီနာတို့ကို ကျော်ဖြတ်ကာ ၁၆ ဦးအဆင့်သို့ တက် လှမ်းလာသူ ဖြစ်သည်။
တော်ဆန်သည် အော့ကလန်အိုးပင်းပြိုင်ပွဲတွင်
ဖလားဆွတ်ခူးထားပြီး ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်လှမ်းထားနိုင်ခဲ့သည်။
ထို့အပြင် ၎င်းသည် နော်တင်ဟမ်အိုးပင်း ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ တက်လှမ်းထားနိုင်သူဖြစ်သည်။
မိုးဇက် - စုစည်းရေးသားသည်
No comments