ဂယိုကာရက်စ်ကို ခေါ်ယူရန် အာဆင်နယ် ဆွေးနွေး



အာဆင်နယ်အသင်းသည်  စပို့တင်းအသင်းမှ ဆွီဒင်တိုက်စစ်ကစားသမား ဗစ်တာဂယိုကာရက်စ်ကို    ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

 အာဆင်နယ်အသင်းသည် အသက် ၂၇ နှစ်အရွယ် အဆိုပါ တိုက်စစ်ကစားသမားကို အပြီးသတ် စာချုပ်ခေါ်ယူရန် အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ၎င်းသည် ပေါ်တူဂီကလပ် စပို့တင်းအသင်း တွင် နှစ်ရာသီအတွင်း ၁၀၂ ပွဲပါဝင်ကစားထားကာ ၉၇ ဂိုးအထိ သွင်းယူပေးထားနိုင်သူ ဖြစ်သည်။

မိုးဇက် - စုစည်းရေးသားသည်

No comments

Powered by Blogger.