တိုက်ကြီးမွေးမြူရေးဇုန် သနပ်ချောင်းပိတ်တမံအတွင်း ငါးမြစ်ချင်းသုံးသိန်း ငါးမျိုးစိုက်ထည့်
ရန်ကုန် ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ချင်းကုန်း ကျေးရွာအုပ်စု သနပ်ချောင်းပိတ်တမံအတွင်းသို့
ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊
ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာနေပြည်သူများနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးစိုးသိန်းက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများသို့ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ကာ
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တက်ရောက်လာသော
ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာနေ ပြည်သူများနှင့် တာဝန်ရှိသူများက
သနပ်ချောင်းပိတ်တမံအတွင်းသို့ ငါးသားပေါက်ကောင်ရေ ငါးမြစ်ချင်းသုံးသိန်းကို စိုက်ထည့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
အဖွဲ့သည် စွန့်ပစ်အမှိုက်များကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် စက္ကူအပိုင်းအစ၊
စက္ကူအိတ်နှင့် ကတ်ထူများကဲ့သို့သော အမှိုက်ခြောက်၊ စားကြွင်းစားကျန်များကဲ့သို့သော
အမှိုက်စို၊ ဖန်၊ သံဘူးနှင့် သတ္တုဘူးများကဲ့သို့သော အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်ဘူး/ခွက်/အိတ်
များကဲ့သို့သော ပလတ်စတစ်အမှိုက်များကို ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ပြောကြားကြသည်။
ထို့နောက် တိုက်ကြီးမွေးမြူရေးဇုန်အတွင်း
National Wood နွားမွေးမြူရေးခြံတွင် အကောင်ရေ ၂၅၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊
Family Myanmar ဥစားကြက်မွေးမြူရေးခြံတွင် အကောင်ရေ ၂၅၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊
မြတ်မင်းကုမ္ပဏီလီမိတက်မှ အသားတိုးဝက်မွေးမြူနိုင်ရေး မွေးမြူရေးခြံများ ဆောက်လုပ်နေမှုကို
လည်းကောင်း၊ သာယာကုန်းကုမ္ပဏီလီမိတက်မှ အသားတိုး ကြက်မွေးမြူနိုင်ရေး မွေးမြူရေးခြံများ
ဆောက်လုပ် နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရ ှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments