စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၂၈
စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ်- ၅၂ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြများ၊
သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့ဖွင့်လှစ်သည့်
အလုပ်ရုံဆွေးနွေးပွဲသည် (၁၁) ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ စစ်ဆေးရေးအရာရှိများအနေဖြင့်
ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံ များကို အသုံးချဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းသော
ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူများအနေဖြင့် အသုံးပြုလာနိုင်မည်ဖြစ်ပြီး
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ပိုမိုစနစ်ကျ ထိရောက်စွာဆောင်ရွက်ခြင်းဖြင့်
ဦးစီးဌာနနှင့် ဝန်ကြီးဌာန၏ ဂုဏ်ကိုမြှင့်တင်ပေးရန် တိုက်တွန်းပြောကြားသည်။
အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုနယ်မြေ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ သင်တန်းသား ၂၀ တက်ရောက်ပြီး သင်တန်းကို
ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments