ကမ္ဘာ့နိုင်ငံများ၌ ရုပ်ကြွင်းလောင်စာအသုံးပြုမှုမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုသို့ ကူးပြောင်းတော့မည်ဟုဆို
ဂျီနီဗာ ဇူလိုင်
၂၃
ကမ္ဘာ့နိုင်ငံများ၌ ရုပ်ကြွင်းလောင်စာအသုံးပြုမှုမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်
အသုံးပြုမှုသို့ ကူးပြောင်းတော့မည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည့်
အစီရင်ခံစာ တစ်စောင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို
ဂူတာရက်စ် က တင်ပြလိုက်ကြောင်း သိရသည်။
ဂူတာရက်စ်သည် နိုင်ငံတကာပြန်လည်ပြည့်ဖြိုးမြဲ
စွမ်းအင်အေဂျင်စီနှင့် အခြားအဖွဲ့အစည်းများက
ပူးပေါင်းပြုစုထားသည့် အစီရင်ခံစာကို ဇူလိုင် ၂၂ ရက်က ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပခဲ့သည့်
သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် ရုပ်ကြွင်းလောင်စာ
သုံးစွဲမှုမှာ တဖြည်းဖြည်းလျော့ကျလာပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် များ၏ အခန်းကဏ္ဍမှာ
ပိုမိုကြီးထွားလာတော့ မည်ဖြစ်ကြောင်း ဂူတာရက်စ်က
ပြောကြားသည်။ ရုပ်ကြွင်းလောင်စာများမှ
ထုတ်လုပ်သည့် စွမ်းအင်ထက် နေရောင်ခြည် စွမ်းအင်မှာ ၄၁ ရာခိုင်နှုန်း သက်သာပြီး ကမ်းလွန်လေအားလျှပ်စစ်မှာ
၅၃ ရာခိုင်နှုန်း သက်သာကြောင်း ပြသသည့် အချက်အလက်များကို တင်ပြခဲ့သည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည်
စီးပွားရေးအရ သင့်လျော်ရုံသာမက ပထဝီနိုင်ငံရေး မတည်ငြိမ်မှု များ၏ ရိုက်ခတ်မှုဒဏ်ကိုလည်း
ခံနိုင်ရည်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်၍ မရသည့်နေရာဒေသများတွင်
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို
တပ်ဆင်သုံးစွဲနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုပြောသည်။
အင်န်အိတ်ချ်ကေ

No comments