အီတလီအမျိုးသမီးအသင်းကို အနိုင်ရပြီး အင်္ဂလန်အမျိုးသမီးအသင်း ယူရို ၂၀၂၅ ဗိုလ်လုပွဲ တက်လှမ်း
အင်္ဂလန်အမျိုးသမီးအသင်းနဲ့ အီတလီအမျိုးသမီးအသင်းတို့ ဇူလိုင်
၂၃ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အမျိုးသမီးယူရို ၂၀၂၅ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ
အင်္ဂလန်အမျိုးသမီး အသင်းက အီတလီအမျိုးသမီးအသင်းကို အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို
တက်လှမ်းခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ အင်္ဂလန်အမျိုးသမီးအသင်းက အီတလီအမျိုးသမီးအသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိ
ခဲ့တာဖြစ်ပြီး အီတလီ အမျိုးသမီးအသင်းအတွက်
သွင်းဂိုးတစ်ဂိုး ကို ပထမပိုင်းပွဲကစားချိန် ၃၃ မိနစ်မှာ ဘိုနန်ဆီးက သွင်းယူပေးခဲ့ကာ အင်္ဂလန်အမျိုးသမီးအသင်းအတွက် သွင်းဂိုးတွေကိုတော့ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ခြောက်မိနစ်မှာ အက်ဂျီမန်က တစ်ဂိုး၊ အချိန်ပို ၁၁၉ မိနစ်မှာ ကီလီက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိအမျိုးသမီးယူရိုချန်ပီယံအသင်းဖြစ်တဲ့ အင်္ဂလန်အမျိုးသမီးအသင်းဟာ
ဆီမီးဖိုင်နယ်အဆင့် မှာ အီတလီအမျိုးသမီးအသင်းကို အနိုင်ရရှိကာ အမျိုးသမီးယူရို ၂၀၂၅
ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်တာကြောင့် နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမနီအမျိုးသမီးအသင်းနဲ့ စပိန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းနဲ့
ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရတဲ့
အီတလီအမျိုးသမီးအသင်းကတော့ အမျိုးသမီးယူရိုပြိုင်ပွဲမှာ
ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ခြင်းဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း အသင်း သမိုင်းတစ်လျှောက်
အောင်မြင်မှုအရှိဆုံးလည်းဖြစ်ပါတယ်။ အမျိုးသမီးယူရို ၂၀၂၅ ပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ်ကိုတော့
ဇူလိုင် ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားမှာလည်း ဖြစ်ပါတယ်။
ငွေကြယ်

No comments