ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် တရုတ်နိုင်ငံတကာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Chen Xiaodong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့
မွန်းလွဲပိုင်းတွင် နေပြည်တော် Park Royal Hotel ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီး
ဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများအတွက် တရုတ်နိုင်ငံအစိုးရ၏ လူသားချင်း
စာနာထောက်ထားမှု၊ အကူအညီ အထောက်အပံ့များ အချိန်နှင့် တစ်ပြေးညီ ပေးအပ်ခဲ့မှု၊ ငလျင်အလွန်
ပြန်လည်ထူထောင်ရေး စီမံကိန်းများ၊ နှစ်နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ
ကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊
CIDCA ၏ ဒေသရေးရာဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်၊
ကိုယ်စားလှယ်များနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
No comments