၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
တောင်ကြီး ဇူလိုင် ၂၄
၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား
မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲနှင့်
ပြည်နယ်ပိုက်ကျော်ခြင်း အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင်
တောင်ကြီးမြို့ ပြည်နယ် အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပ ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ်
ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊
ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသားဖွား သင်တန်းကျောင်းမှ သင်တန်းသား
သင်တန်းသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး)မှ သင်တန်းသား သင်တန်းသူများ၊
အားကစားဝါသနာရှင်များ တက် ရောက်ကြည့်ရှု အားပေးကြသည်။
မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်
ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် တောင်ကြီး မြို့နယ် အသင်းနှင့် ညောင်ရွှေ မြို့နယ်အသင်းတို့
ယှဉ်ပြိုင်ကစား ကြရာ တောင်ကြီးမြို့နယ်အသင်း က သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့် ပွဲကို
ဆက်လက်ကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အကောင်းဆုံးဂိုး သမားဆုနှင့်
ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများ၊ ပထမ၊ ဒုတိယနှင့်
တတိယဆု ရရှိကြသည့်အသင်းများကို တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလား
ချီးမြှင့် ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးနှင့်
ပြည်နယ်ပိုက်ကျော်ခြင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်နယ်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေး
အလံပေးအပ်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်
(၂၃)နှစ်အောက် အမျိုးသား အမျိုး သမီး ရှမ်းပြည်နယ်လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းကို
အောင်နိုင် ရေးအလံနှင့် စားစရိတ်ငွေများကို ပေးအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများက
လက်ခံရယူကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments