၂၀၂၅ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 


 

ဘားအံ ဇူလိုင် ၂၄

 

၂၀၂၅ ခုနှစ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် ဘားအံမြို့ ပြည်နယ်ဖူဆယ်အားကစား ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။

 

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံမြို့နယ်အသင်းနှင့် ဖာပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘားအံမြို့နယ်အသင်းက ခုနစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

 

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲစဉ်တစ်လျှောက်ဂိုးသွင်းအများဆုံးအားကစား သမားဆု၊ အကောင်းဆုံး ဂိုးသမားဆု၊ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုရရှိကြသူများနှင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော အသင်းများကို တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။

 

ပြည်နယ် (ပြန်/ဆက်)

No comments

Powered by Blogger.