ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၂၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဉာဏ်ထွန်းသည် မကွေးတိုင်းဒေသကြီး သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးရှိ
နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ် သုံး (Solar+ Gas Engine
Hybrid)ဓာတ်အားပေး စက်ရုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မကွေးပင်မဓာတ်အားခွဲရုံ၏
ဓာတ်အားပို့လွှတ် ဖြန့်ဖြူးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်မှ
ယာယီနေရပ် စွန့်ခွာပြီး မကွေးမြို့ရှိ ရုံး/ဌာနများ၌ တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသော
ဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
မကွေးမြို့အနီးရှိ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ်သုံး(Solar+Gas
Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိ ရာ ဓာတ်အားထိန်းချုပ်ခန်းတွင်
တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ အချက် အလက်များ၊ စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်ပြီးစီး နေမှုနှင့် လက်ရှိစီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ၁၃၂ ကေဗွီ
မဟာဓာတ်အားလိုင်းသွယ်တန်း ဆောင်ရွက်မည့်အခြေအနေ၊ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်တန်းဆောင်ရွက်ပြီးစီးမှုနှင့်
အနီးပတ်ဝန်းကျင်ကျေးရွာအတွင်း လူမှုရေးတာဝန်သိမှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအခြေအနေတို့ကို
ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက
လာမည့်နွေရာသီအမီ ကနဦးဓာတ်အား ထုတ်လုပ် နိုင်ရန် ဓာတ်အားပေးစက်ကိုးလုံးမှ ဓာတ်အား ၈၀
မဂ္ဂါဝပ်အား ဆောလျင်စွာ ဓာတ်အားထုတ်လုပ်နိုင်ရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားရန်၊
ဆိုလာမှ ဓာတ်အားထုတ်လုပ်နိုင်ရေး လုပ်ငန်းများကို တိုးတက်မှု ရှိအောင်ဆောင်ရွက်သွားရန်၊
ဓာတ်အား မထုတ်လုပ်မီ Gas Engine များကို စမ်းသပ်မောင်းနှင်ထားရန်နှင့် သေချာစွာစိစစ်ဆောင်ရွက်ထားရန်၊
ဓာတ်အားပေးစက်ရုံ တည်ရှိရာ ဒေသသည် ငလျင်သက်ရောက်မှုရှိသည့်ဒေသဖြစ်၍ အင်ဂျင်စက်အထိုင်များ
ရွေ့လျားသွားမှုရှိ/မရှိ စစ်ဆေးဆောင်ရွက် သွားရန်၊ စီမံကိန်းအသစ်များမဆောင်ရွက်နိုင်သေးမီတွင်
ရှိပြီးသားစီမံကိန်းများကို အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားရန်နှင့်
ထိုသို့ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြ ဆောင်ရွက်သွားရန်နှင့်
လိုအပ်သည်များကို ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း
ဆောင်ရွက်ပေးသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်းရှိ
Gas Engine Hall အတွင်း Gas Engine စက်များနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ဆောင်ရွက်ပြီးစီးနေမှု၊
Exhaust Dust System တပ်ဆင်ပြီးစီးမှု၊ အအေးပေး စနစ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊
ဓာတ်အားခွဲရုံ တည်ဆောက်ရန် Foundation လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Fire
Protection Wall တည်ဆောက်နေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်
အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ ဓာတ်ငွေ့ပို့လွှတ်ပေး မည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
သဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းသို့ရောက်ရှိပြီး သဘာ ဝဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းထားရှိမှုနှင့်
ဓာတ်ငွေ့ပို့လွှတ်ပေးမည့်အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန မကွေးပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး
အစည်းအဝေးခန်းမတွင် ဓာတ်အားခွဲရုံးမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှု
အခြေအနေကို ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက
ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူး ပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု
နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်း စေရေး၊ ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ၊
ထရန်စဖော်မာများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင် ကောင်းမွန်စေရေးတို့အတွက် ထိန်းသိမ်းပြုပြင်ခြင်း
လုပ်ငန်းများကို စနစ်တကျ ပုံမှန်စစ်ဆေး ဆောင်ရွက်သွားရန်မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့်
Switch Yard အတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှုအခြေအနေနှင့် ဝန်ထမ်းအိမ်ရာတို့ကို
လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
မကွေးမြို့ရှိ မကွေးပင်မဓာတ်အားခွဲရုံနှင့် အမှတ်(၄)တည်ဆောက်ရေးရုံးတို့သို့ ရောက်ရှိပြီး
ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာ၍ မကွေးမြို့ရှိ ရုံးဌာနများတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့်
ယာယီနေရပ်စွန့်ခွာဝန်ထမ်းများအား တွေ့ဆုံ ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း
ဆောင်ရွက်ပေးကာ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments