နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ)အခမ်းအနားတက်ရောက်၊ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုအားပေး
ပုသိမ် ဇူလိုင် ၂၆
ကရင် တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့
မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့နယ် ဧရာမင်းခန်းမ၌ကျင်းပရာ
ဆရာတော် သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်
မန်းငြိမ်းမောင်၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်း အောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီး များနှင့်ဇနီးများ၊
ဌာနဆိုင်ရာများ နှင့် ကရင်တိုင်းရင်သား တိုင်းရင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ကရင်တိုင်းရင်းသား တိုင်းရင်းသူများ၏
ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ဖျော်ဖြေမှုများ ကို ကြည့်ရှုအားပေးပြီး
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် အဖွဲ့က ဖားစည် ကိုးချက်တီး၍ အခမ်းအနားကို
ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ
အဖွဲ့ဝင် မန်းငြိမ်းမောင်က ယနေ့အခမ်း အနားသည် ကရင်တိုင်းရင်းသား အားလုံး၏ ဝါခေါင်လချည်ဖြူဖွဲ့
မင်္ဂလာ အခမ်းအနားဖြစ်ပါ ကြောင်း၊ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတွင်
ယခုကဲ့သို့ မိမိတိုင်းရင်းသားများ စုစုစည်းစည်း ပြန်လည် တွေ့ဆုံရသည်မှာ ကျက်သရေမင်္ဂလာနှင့်
ပြည့်စုံသည်ဟု ပြောရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက
ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနား ကျင်းပသည့် ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍
ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်း အောင်မြင့်တို့က
နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ထို့နောက် ကျုံပျော်မြို့နယ် ကရင်တိုင်းရင်းသား
စာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယက ပြာမလော့ကျေးရွာ ကျောင်းတိုက် ဆရာတော် ဥူးဉာဏဇောတိ၊
ပုသိမ်မြို့နယ် ကက်သလစ်ဂိုဏ်း ချုပ် ဆရာတော်ကြီး Bishop ဟင်နရီမန်းအိုင်ခလိန် တို့က
နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာခေါ်ပွဲ)အကြောင်း
စာတမ်းဖတ်ကြားကာ တိုင်းဒေသကြီးအဆင့် ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူ ဖွဲ့မင်္ဂလာ(စုပေါင်းလိပ်ပြာ
ခေါ်ပွဲ) ကျင်းပရေး ကော်မတီ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ
အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်သည်တော် များအား ဘိုးဘွားများက ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြပြီး
ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။
ထို့နောက် ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာအုပ်စု
တောင်သူ ဦးကျော်ကျော်ဦး၏ စိုက်ဧက ငါး ဧကတွင် အောင်နိုင်တိုးစပါးမျိုး အား ၂၀၂၅-၂၀၂၆
ခုနှစ် မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိရေး အတွက် စုပေါင်းဓာတ်မြေဩဇာ ကြဲပက်ပွဲနှင့်
ပေါင်းလိုက်တမန်း နှိုးပွဲကို တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က
သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံ လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊
နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်
နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန်
မှာကြားပြီး ဓာတ်မြေဩဇာ ကြဲပက်ခြင်းနှင့် ပေါင်းလိုက်တမန်း နှိုးရာတွင်ပါဝင် ဆောင်ရွက်ခဲ့သည့်
တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments