အိန္ဒိယနိုင်ငံ(အနောက်ပိုင်း) ဂူဂျာရတ်ပြည်နယ်၌ တံတားကျိုးကျမှုဖြစ်ပွား
နယူးဒေလီ
ဇူလိုင် ၉
အိန္ဒိယနိုင်ငံ
(အနောက်ပိုင်း) ဂူဂျာရတ်ပြည်နယ်တွင် ရုတ်တရက်တံတားကျိုးကျမှုကြောင့် တံတားပေါ်တွင်
သွားလာနေသည့်ယာဉ်များ မြစ်အတွင်းသို့ ထိုးကျခဲ့ရာ အနည်းဆုံး ကိုးဦးသေဆုံးပြီး ခြောက်ဦး
ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဂူဂျာရတ်ပြည်နယ်ရှိ
အေနန်မြို့နှင့် ဗာဒိုဒါရာမြို့တို့ကို ဆက်သွယ်ထားသော ဂန်ဟီရာတံတားသည်
ဇူလိုင် ၉ ရက်တွင် ကျိုးကျခဲ့ရာ ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးပြတ်တောက်ခဲ့ကြောင်း
သိရသည်။ မြစ်အတွင်းမှ ရုပ်အလောင်းကိုးလောင်း ပြန်လည်ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို
ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ယခုဖြစ်စဉ်ကို
စုံစမ်းစစ်ဆေးရန် တာဝန်ရှိသူများအား ဂူဂျာရတ်ပြည်နယ်ဝန်ကြီးချုပ်
ဗူပန် တာပတဲက ညွှန်ကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments