သီရိလင်္ကာနိုင်ငံ၌ ပထမနှစ်ဝက်အတွင်း ကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံကျော် ကုန်ပစ္စည်းတင်ပို့
ကိုလံဘို ဇူလိုင်
၂၈
သီရိလင်္ကာနိုင်ငံသည် ယခုနှစ်
ပထမခြောက်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ
၈ ဒသမ ၃ ဘီလီယံကျော် နိုင်ငံခြားသို့တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့
(အီးဒီဘီ) က ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။
ယခုနှစ်ဝက်အတွင်း စုစုပေါင်းပို့ကုန်မှာ ဒေါ်လာ ၈ ဒသမ ၃၃
ဘီလီယံရှိရာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၇ ရာခိုင်နှုန်းတိုးလာကြောင်း အီးဒီဘီက
ပြောကြားသည်။ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ဇွန်လအတွက် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ ၁ ဒသမ
၄ ဘီလီယံ ဒေါ်လာရှိရာ ယမန်နှစ်ကထက် ၈ ဒသမ ၇၃ ရာခိုင်နှုန်း တိုးလာကြောင်း အီးဒီဘီက
ဆက်လက်ပြောကြားသည်။
ဇန်နဝါရီလမှ ဇွန်လအတွင်း ကုန်ပစ္စည်းတင်ပို့မှုစုစုပေါင်းတန်ဖိုးသည်
၆ ဒသမ ၅ ဘီလီယံရှိရာ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၈၆ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံ
ရရှိခဲ့သည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ပို့ကုန်ဝင်ငွေမှ ဒေါ်လာ
၁၈ ဒသမ ၂ ဘီလီယံရရှိရန် အီးဒီဘီက ခန့်မှန်းထားသည်။
ဆင်ဟွာ

No comments