စပိန်ကို အနိုင်ယူပြီး အမျိုးသမီးယူရိုဖလားကို အင်္ဂလန်အသင်း နှစ်ကြိမ်ဆက်ဆွတ်ခူး
ယူအီးအက်ဖ်အေ အမျိုးသမီး
ယူရိုပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့ရှိ St.
Jakob-Park အားကစားကွင်း ၌ ဇူလိုင် ၂၇ ရက် ည ၁၀ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်အမျိုးသမီးအသင်းနှင့်
နာမည်ကြီး စပိန်အမျိုးသမီးအသင်းပွဲစဉ်တွင် အင်္ဂလန် အမျိုးသမီး အသင်းက ပယ်နယ်တီ အဆုံးအဖြတ်တွင် သုံးဂိုး - တစ်ဂိုးဖြင့် နိုင်ပွဲရပြီး အမျိုးသမီးယူရိုဖလား ကို နှစ်ကြိမ်ဆက်
ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါ ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း
တစ်ဖက်တစ်ဂိုးစီသရေကျနေ၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပို
မိနစ် ၃၀ တွင်လည်း
တစ်ဖက်နှင့်တစ်ဖက် ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရခြင်းဖြစ်သည်။
အင်္ဂလန်အသင်းသည် ယခုပြိုင်ပွဲ
ဗိုလ်လုပွဲတွင် နိုင်ပွဲရရှိခဲ့သည့်အတွက် စပိန်အသင်းကို ၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ
ဗိုလ်လုပွဲရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့သည်။ အင်္ဂလန်အသင်းတိုက်စစ် ကစားသမား မစ်ချဲလ်အာဂျီမန်းသည်
အမျိုးသမီး ယူရို ၂၀၂၅ ပြိုင်ပွဲ၏ အကောင်းဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
စပိန်အသင်း တိုက်စစ်ကစားသမား ဂွန်ဇာလက်ဇ်သည် သွင်းဂိုး လေးဂိုး ဖြင့် ဂိုးသွင်းအများဆုံး
ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။
အောင်ဇော်

No comments