ပါကစ္စတန်နိုင်ငံ၌ တစ်လအတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သော ဖြစ်ရပ်များကြောင့် လူပေါင်း ၂၇၁ ဦးခန့် သေဆုံး
အစ္စလာမ္မာဘတ် ဇူလိုင်
၂၇
ပါကစ္စတန်နိုင်ငံ၌ ဇွန် ၂၆ ရက်မှ စတင်ကာ
မိုးရွာသွန်းမှုဆက်စပ်သော ဖြစ်ရပ်များကြောင့် လူပေါင်း ၂၇၁ ဦးခန့် သေဆုံးပြီး
၆၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ)က
ပြောသည်။
ထိခိုက်သေဆုံးမှုများမှာ
နေအိမ်ပြိုကျခြင်း၊ ရေကြီးရေလျှံခြင်း၊ ရေနစ်မြုပ်ခြင်း၊ မိုးကြိုးပစ်ခတ်ခြင်း များအပါအဝင်
မုတ်သုံမိုးရွာသွန်းမှုနှင့် ဆက်စပ်သော ဖြစ်ရပ်များကြောင့် ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်က အင်န်ဒီအမ်အေ၏ နောက်ဆုံးအခြေအနေ
အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အခြေအနေများကို စောင့်ကြည့်ရန်၊ ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများ
ပေါင်းစပ် ညှိနှိုင်းရန်အတွက် ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်
လျက်ရှိကြောင်း အင်န်ဒီအမ်အေက ပြောသည်။
ဆင်ဟွာ

No comments