နော်တင်ဟမ်ဖောရက်စ်က ကွင်းလယ်ကစားသမား မော်ဂန်ဂစ်ဝှိုက်ကို စာချုပ်သစ်ချုပ်ဆို



ကွင်းလယ်ကစားသမား မော်ဂန်ဂစ်ဝှိုက်သည် နော်တင်ဟမ် ဖောရက်စ်အသင်းနှင့် သုံးနှစ် သက်တမ်းတိုး   စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

၎င်းသည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ပြောင်းရွှေ့ကြေး ပေါင်   ၄၂   ဒသမ  ၅ သန်းဖြင့်  ဝုဖ်အသင်းမှ  နော်တင်ဟမ် ဖောရက်စ်အသင်းသို့ ရောက်ရှိလာသူဖြစ်သည်။

အဆိုပါ နော်တင်ဟမ်ဖောရက်စ် အသင်းတို့ ချုပ်ဆိုထားသော ယခင်စာချုပ်သက်တမ်းမှာ   နှစ်နှစ် ကျန်ရှိနေသေးကြောင်း သိရသည်။

ဂစ်ဝှိုက်သည် နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ၁၁၈ ပွဲ ပါဝင်ကစားထားပြီး ၁၈ ဂိုးသွင်းယူ ကာ ၂၈ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားသည်။

ထို့အပြင်   ၎င်းသည် ပြီးခဲ့သည့်ရာသီတွင် နော်တင်ဟမ်ဖောရက်စ်အသင်း အဆင့် (၇) ဖြင့် ရာသီ ပိတ်သိမ်းနိုင်အောင် ကူညီပေးထားနိုင်သည်။

နော်တင်ဟမ်အသင်းသည် နောက်ဆုံးယှဉ်ပြိုင်ကစားထားသည့် ခြေစမ်းပွဲသုံးပွဲတွင် နိုင်ပွဲရရှိ ထားခြင်းမရှိဘဲ နှစ်ပွဲ သရေကျပြီး  ဖူလ်ဟမ်အသင်းကို  ရှုံးနိမ့်ထားသည်။

နော်တင်ဟမ်ဖောရက်စ်အသင်းသည် ၂၀၂၅-၂၀၂၆ ရာသီပရီမီယာလိဂ် အဖွင့်ပွဲစဉ်အဖြစ်လာမည့် ဩဂုတ် ၁၇ ရက်တွင် ဘရန့်ဖို့ဒ်အသင်းနှင့်  စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ 

မိုးဇက် - စုစည်းရေးသားသည်

No comments

Powered by Blogger.