ထိုင်းနှင့် ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးရန် သဘောတူညီမှုရရှိ
ဝါရှင်တန် ဇူလိုင် ၂၇
ထိုင်းနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံက လက်ရှိတင်းမာနေသည့်အခြေအနေကို ဖြေလျှော့ရန်နှင့်
အပစ်အခတ်ရပ်စဲရေး စတင်ဆွေးနွေးရန် သဘောတူညီခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က
ပြောကြားသည်။
သမ္မတထရမ့်က ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ထိုင်းယာယီဝန်ကြီးချုပ်တို့အား ဇူလိုင်
၂၆ ရက်တွင် သီးခြားဖုန်းခေါ်ဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းခဲ့ကြောင်း
၎င်း၏ လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားခဲ့သည်။
၎င်းအနေဖြင့် နှစ်နိုင်ငံစလုံးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးလျက်ရှိပြီး
အပစ်အခတ် ရပ်စဲခြင်းမရှိသည့်နိုင်ငံနှင့် ကုန်သွယ်မှုလုပ်ဆောင် ခြင်း ပြုမည်မဟုတ်ကြောင်း သမ္မတ ထရမ့်က ပြောကြားသည်။
ထို့ပြင် နှစ်နိုင်ငံငြိမ်းချမ်းရေးရရှိသည့်အချိန်မှသာ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို
ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန်အတွက် မျှော်လင့်စောင့်ဆိုင်း
လျက်ရှိပါကြောင်း သမ္မတထရမ့်က ပြောကြားသည်။
နှစ်နိုင်ငံခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များကို ဆွေးနွေးရန် သဘောတူညီခဲ့
ကြောင်း သမ္မတထရမ့်က ဆက်လက်ပြောကြားသည်။
နှစ်နိုင်ငံအပြန်အလှန်ပစ်ခတ်မှုကြောင့် ထိုင်းဘက်တွင် ၂၀ သေဆုံးကာ ၃၀ ဒဏ်ရာရရှိခဲ့သည်။
အလားတူ ကမ္ဘောဒီးယားဘက်တွင် ၁၃ ဦးသေဆုံးကာ ဒါဇင်နှင့်ချီပြီး ဒဏ်ရာရရှိခဲ့သည်။ ပြည်သူ
၁၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments