ပျဉ်းမနားမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း
နေပြည်တော် ဇူလိုင်
၂၃
နေပြည်တော် ပျဉ်းမနားမြို့နယ်
မယ်ဇလီကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၁၆၆၉)၊ မယ်ဇလီကုန်းကွင်း၊ ဦးပိုင်အမှတ်(၇၉/၂)
တွင် တောင်သူ ဦးအောင်ရင် စိုက်ပျိုးထားသော ၂၀၂၄ - ၂၀၂၅ ခုနှစ် နွေစပါးအား နေပြည်တော်
မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဝန်ထမ်းများ
ပါဝင်ပြီး စံကွက်ရိတ်သိမ်းခဲ့ကြရာ ထိုင်းနှံကောက်စပါးမျိုး (ကောင်း) ကိုယ်စားပြုအလွှာတွင်
အစို ၁၂၈ ဒသမ ၈၇ တင်း၊ အခြောက် ၁၂၂ ဒသမ ၆၁ တင်း ထွက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)
.jpg)
No comments