ဘရာဇီးနိုင်ငံ၌ လေ့ကျင့်ပျံသန်းရေးလေယာဉ်ပျက်ကျမှုကြောင့် နှစ်ဦးသေဆုံး
ဇူလိုင် ၂
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း
ဆော့ပိုလိုပြည်နယ်တွင် ယမန်နေ့က လေ့ကျင့်ပျံသန်းမှုလုပ်ဆောင်နေသော လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ
လေယာဉ်ပေါ်ပါသူနှစ်ဦးစလုံး သေဆုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနကဖော်ပြထားသည်။
အဆိုပါလေယာဉ်ငယ်သည်
ဒေသတွင်းလေဆိပ်မှပျံတက်ပြီးမကြာမီ ဆောဂျိုဒိုရီယိုပရီတိုမြို့ရှိ လူနေထိုင်ခြင်းမရှိသော
နေရာပေါ်သို့ ပျက်ကျသွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေသန္တရရဲတပ်ဖွဲ့နှင့်
ဘရာဇီးလေကြောင်းမတော်တဆမ စုံစမ်းစစ်ဆေးရေးနှင့် ကာကွယ်ရေးစင်တာက ထိုလေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့်
အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments