ဂါဇာဒေသတွင် အစ္စရေးက ပစ်ခတ်တိုက်ခိုက်မှုများ ယာယီရပ်နားမည်
ဂျေရုဆလင် ဇူလိုင်
၂၇
ဇူလိုင် ၂၇ ရက်တွင် ဂါဇာဒေသ၌
ပစ်ခတ်တိုက်ခိုက်မှုများ ယာယီရပ်စဲရန်
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက
ဇူလိုင် ၂၆ ရက် ညပိုင်းက ဆုံးဖြတ်ခဲ့သည်ဟု
အစ္စရေးမီဒီယာတွင် ဖော်ပြထားသည်။
အစ္စရေးဝန်ကြီးချုပ်က
ကာကွယ်ရေးဝန်ကြီး အစ္စရေးခတ်ဇ်နှင့် နိုင်ငံခြားရေးဝန်ကြီး
ဂီဒီယွန်ဆာတို့ အပါအဝင်အခြားသော အဆင့်မြင့်အရာရှိကြီးများနှင့်
တိုင်ပင်ပြီးနောက် အထက်ပါအတိုင်း ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးနိုင်ငံပိုင် ခန်တီဗွီတွင် ဖော်ပြထားသည်။
ဂါဇာဒေသ အခြေအနေနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဖိအားများကို တုံ့ပြန်ရန် ရည်ရွယ်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင်
၂၆ ရက် နှောင်းပိုင်းတွင် ဂါဇာဒေသသို့
လေကြောင်းမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကူအညီပစ္စည်းများချထားခြင်းကို ပြန်လည်စတင်မည် ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်၂၆ ရက်တွင်
ပြောသည်။
ထိုစဉ် ဂါဇာမြောက်ပိုင်းဒေသနေရာအနှံ့၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ
လေကြောင်းမှ ချထားပေးခြင်းကို ပြန်လည်စတင်နေပြီဟု
ပါလက်စတိုင်း သတင်းအရင်းအမြစ် များနှင့် မျက်မြင်သက်သေများက
ပြောသည်။
ဂါဇာဒေသ၌ အခြေအနေများ ဆိုးရွားလာမှုကို လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများက
သတိပေးမှုများပြုလုပ်ခဲ့ပြီးနောက် အခြေအနေတိုးတက်လာခြင်းဖြစ်သည်။
ဆင်ဟွာ

No comments