ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် Modular House များတွင် နေထိုင်ကြသည့် ဝန်ထမ်းများအား တွေ့ဆုံအားပေး



နေပြည်တော် ဇူလိုင် ၂၄

 

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ဝန်ကြီးဌာနက ယာယီဆောက်လုပ်ထားရှိသည့် Modular House များကို သွားရောက်ကြည့်ရှုပြီး နေထိုင်ကြသည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။

 

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ လုံခြုံစိတ်ချစွာဖြင့် စည်းကမ်း တကျနေထိုင်နိုင်ရေး၊ သောက်သုံးရေနှင့် မီး၊ မိလ္လာ စနစ်များ ကောင်းမွန်ရေး၊ ကူးစက်ရောဂါများ မဖြစ်ပေါ်စေရေး၊ လိုအပ်သည်ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာကိစ္စများအတွက် တာဝန်ခံများအဆင့်ဆင့် တာဝန်ပေး ဖွဲ့စည်းထားရှိရေးတို့ကို မှာကြားပြီး ဝန်ထမ်းများ နေထိုင်စားသောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် Modular House များတွင် နေထိုင်ကြသည့် ဝန်ထမ်းများအား စားဖိုဆောင် သီးနှံများနှင့် ကြက်ဥများကို ပံ့ပိုးပေးခဲ့ ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments

Powered by Blogger.