သြစတြေးလျနိုင်ငံ၌ အသက် ၁၆ နှစ်အောက်ကလေးများကို လူမှုမီဒီယာအသုံးပြုခွင့် ပိတ်ပင်မည်



ကန်ဘာရာ သြဂုတ် ၁၉

သြစတြေးလျနိုင်ငံ၌ လူမှုမီဒီယာဆိုင်ရာ အသက်ကန့်သတ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းခြင်းမပြုမီ ခြောက်လအလို အွန်လိုင်းကို ဘေး ကင်းလုံခြုံစွာအသုံးပြုရာ၌ မိဘများ၏ လမ်းညွှန်မှုသည် အရေး ကြီးသောအခန်းကဏ္ဍမှ   ပါဝင်လျက်ရှိကြောင်း ကျွမ်းကျင်သူများက အလေးပေးပြောကြားခဲ့သည်။

မိဘများနှင့်  ကျောင်းများ သည် ကလေးများနှင့်ပတ်သက် ပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကိစ္စ၊ ဒစ်ဂျစ်တယ်သဘောတရားနှင့် အနိုင်ကျင့်ခြင်း၊ အလှပြင်ခြင်း၊ လိင်မှုကိစ္စပုံများပေးပို့ခြင်းနှင့် အတုအယောင်ကိစ္စရပ်များကဲ့သို့သော အန္တရာယ်ရှိသည့် အကြောင်းအရာများကို ဆွေးနွေးသွားရမည် ဖြစ်ကြောင်း    သြစတြေးလျတောင်ပိုင်းတက္ကသိုလ်   တွဲဖက်ပါမောက္ခ လိစ်လေးအန်နီအိုင်းက ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံတွင် ၂၀၂၅ ခုနှစ်  ဒီဇင်ဘာ ၁၀ ရက်မှစပြီး တစ်တော့ခ်၊    အင်စတာဂရမ်၊ ဖေ့ဘွတ်၊  ရက်ဒစ်၊  စနပ်ချက်နှင့် ယူကျု    စသည့်လူမှုမီဒီယာများသည် အသက် ၁၆ နှစ်အောက် ကလေးများကို   အသုံးပြုခွင့်ပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ လူမှုမီဒီယာမှတစ်ဆင့် အန္တရာယ်ဖြစ် စေနိုင်သည့်အကြောင်းအရာနှင့်  တင်ဆက်မှုများကို ကာကွယ်ရန်ထိုသို့ အသုံးပြုခွင့်ပိတ်ပင်လိုက် ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။

ဥပဒေပြဋ္ဌာန်းချက်  တစ်ခုတည်းဖြင့် မလုံလောက်ကြောင်း၊ ဒစ်ဂျစ်တယ်ဗဟုသုတ၊ ဒစ်ဂျစ်တယ် နည်းလမ်းများကို       တတ်မြောက်ထားမှသာ   ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း  အိုင်းက ပြောကြားခဲ့သည်။

ကလေးများ၏ဦးနှောက်သည် ဖွံ့ဖြိုးနေဆဲဖြစ်သောကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ ကို ကျိုးကြောင်းမဆင်ခြင်နိုင်ဘဲ လှုံ့ဆော်မှုအတိုင်းသာ  လိုက်ပါလုပ်ဆောင်လေ့ရှိသောကြောင့် ၎င်းတို့အတွက် ဘေးကင်းလုံခြုံစေမည့်  မဟာဗျူဟာများ  လိုအပ်လျက်ရှိသည်ဟု အိုင်းက ဆက်လက်ပြောကြားခဲ့သည်။

ကလေးများ၏ အသက်ကန့်သတ်ချက်နှင့် လိုက်လျောညီထွေ ရှိစေမည့် အသုံးအဆောင်ပစ္စည်းများ၊ အွန်လိုင်းအသိပညာကြွယ်ဝသည့် မိဘများနှင့် ဆရာသမားများ၊ ပွင့်လင်းမြင်သာသည့် ဆက်သွယ် ဆောင်ရွက်မှုများ စသည့် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးနိုင်မည်ဆိုပါက ဒစ်ဂျစ်တယ် ကမ္ဘာကြီးတွင်   ကလေးများကို နည်းမှန်လမ်းမှန်   ဘေးကင်းလုံခြုံစွာကြီးပြင်လာစေမည်ဖြစ် ကြောင်း အိုင်းက ဆွေးနွေးပြော ကြားခဲ့သည်။             

ဆင်ဟွာ

No comments

Powered by Blogger.