နာမည်ကြီး ဆွီယာတက်ခ်က ပါအိုလီနီကို အနိုင်ယူပြီး စင်စင်နတီအိုးပင်းဖလား ဆွတ်ခူး



စင်စင်နတီအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ  နောက်ဆုံးဗိုလ်လုပွဲအဖြစ်   ဩဂုတ်  ၁၉  ရက်က    ယှဉ်ပြိုင်ကစားခဲ့သည့်    အီဂါ ဆွီယာတက်ခ်နှင့် ဂျက်စမင်းပါအိုလီနီတို့ပွဲစဉ်တွင်   ဆွီယာတက်ခ်က  ၇-၅၊ ၆-၄ ရလဒ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ကမ္ဘာ့အဆင့် (၃) ပိုလန်တင်းနစ်မယ်  ဆွီယာတက်ခ်သည်   ပြီးခဲ့သည့်လက    ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန်ပြိုင်ပွဲတွင်လည်း ကမ္ဘာ့အဆင့် (၁၃) ရှိ  အမေရိကန်နာမည်ကျော် တင်းနစ်မယ် အမန်ဒါ အနီဆီမိုဗာကို ၆-၀၊ ၆-၀ ရလဒ် ဖြင့်  အနိုင်ယူကာ ဗိုလ်စွဲထားသူဖြစ်သည်။

၎င်းသည် ယခုပြိုင်ပွဲတွင်လည်း  နာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ကော့ စတစ်ခ်၊ ကာလင်းစ် ကာယာ၊ ရွိုင်ဘာကီနာ၊ ပါအိုလီနီတို့ကို အဆင့်ဆင့်ကျော်ဖြတ်ထားပြီး စင်စင်နတီအိုးပင်းဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အောင်ဇော်

No comments

Powered by Blogger.