တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
ထားဝယ် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ
ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း
ပညာသင်ကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ
ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က သက်ကြီးရွယ်အိုများအားလုံး
ဂုဏ်သိက္ခာရှိရှိနှင့် ကျန်းမာပြီး လုံခြုံစိတ်ချရသည့် ဘဝမျိုးဖြင့် လျှောက်လှမ်းနိုင်ရေး၊
တက်ကြွ၍ ကျန်းမာသော သက်ကြီးရွယ်အို ဘဝဖြစ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဦးတည်ကြိုးပမ်း
ဆောင်ရွက်ပေးလျက်ရှိရာ ထားဝယ်ဘိုးဘွားရိပ်သာရေရှည် တည်တံ့ခိုင်မာအားကောင်းစေရန်အတွက်
သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ ထားဝယ်ဘိုးဘွားရိပ်သာ ကြီးကြပ်မှု
ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက်
တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန
ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဘိုးဘွားရိပ်သာတည်ထောင်ခွင့် ပြုမိန့်ပေးခြင်းနှင့်
သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထားဝယ်ဘိုးဘွား ရိပ်သာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု
အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကာ
တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက
ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments