နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများအား တွေ့ဆုံ

 



ထားဝယ် ဩဂုတ် ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တနင်္သာရီတိုင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများနှင့် တွေ့ဆုံသည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဒေသများတွင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသား ပြည်သူများကို ပန်းခင်းစီမံချက်နှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင် ရွက်ခြင်း၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရိုးရာပွဲတော်အခမ်းအနားများ ကျင်းပ ဆောင်ရွက်မှုအခြေအနေများနှင့် တိုင်းရင်းသားများ ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင် ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားစာပေနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ယဉ်ကျေးမှုကော်မတီများက လိုအပ်ချက်များနှင့် တိုင်းရင်းသားဘာသာသင် TA/ LT ဆရာ ဆရာမ များအား ထောက်ပံ့ပေးနိုင်ရေးတို့ကို တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တစ်မြေ တည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား လူမျိုးစု ညီအစ်ကိုမောင်နှမများအားလုံးသည် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အေးချမ်းသာယာပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ပညာရေးကိစ္စရပ်များ၊ စာပေနှင့် ယဉ်ကျေးမှုများကို ပြည်သူ့ရေးရာစီမံ မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ ခန့်ခွဲမှုနည်းစနစ်များဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ကောင်းမွန်စွာဆောင်ရွက်နိုင်သော ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်များကို ဖော်ဆောင် ပေးရန်လိုအပ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မွန်စာပေ နှင့်ယဉ်ကျေးမှုကော်မတီ၊ ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေး မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် တိုင်းရင်းသား တိုင်းရင်းသူများက ထားဝယ်ရိုးရာရေအိုးရွက်အကနှင့် ရိုးရာယဉ်ကျေးမှု အကတို့ဖြင့် တင်ဆက်ဖျော်ဖြေကြကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များအား ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.