မင်းဘူး(စကု)မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေး

 



မင်းဘူး ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်၌ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဦးဆောင်ကျင်းပသည့် မြန်မာ အီလက်ထရောနစ် မဲပေးစက် ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်းကို ဩဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက ခြင်ထောင်ကျေးရွာရှိ ပေတောဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ရွေးကောက်ပွဲ အပိုင်း(၁)တွင်ပါဝင်သည့် မြို့နယ် စာရင်းများ ထုတ်ပြန်ခြင်း အကြောင်းအရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးထက်ဝေယံထွန်းက မြန်မာ အီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားသည်။

စမ်းသပ်မဲပေး

ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများက မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)

No comments

Powered by Blogger.