ဓနုဖြူမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဓနုဖြူ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင်
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို
ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အနေဖြင့်
အောင်ချက်မြင့်မားရေး ကြိုးစားဆောင်ရွက်ကြရန်၊ မြို့နယ်၏ ပညာရေး အဆင့်အတန်းကို ပိုမိုမြင့်မားရန်
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးသွား ရန် ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး
ဦးလှဌေးက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)
No comments