ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ကြည့်ရှုစစ်ဆေး
ထားဝယ် ဩဂုတ် ၁၉
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တနင်္သာရီ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင် လူသာနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဆန်းချီရပ်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် ဘတ်ဂျက်ရန်ပုံငွေများကို ဘဏ္ဍာ ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန် စွာသုံးစွဲရေး၊ ဝန်ထမ်းများသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်နှင့် ဦးတည်ချက်(၄)ရပ်ကို သိရှိ လိုက်နာ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသား ရေးရာကိစ္စရပ်များကို စည်းလုံးညီညွတ်စွာ အားသွန်ခွန်စိုက် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားပြီး ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်မှုများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက်တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ခံများက ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments