၁၂ နှစ်ကြာရပ်နားခဲ့သော အစ္စရေးအမျိုးသားလေကြောင်းလိုင်း ပြန်လည်စတင်
ဂျေရုဆလင် သြဂုတ် ၁၉
အစ္စရေးနိုင်ငံ၏ အထင်ကရ အမျိုးသားလေကြောင်းလိုင်း
El Al သည် အောက်တိုဘာလတွင် ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်စတင်မည်ဖြစ်ကြောင်း
သြဂုတ် ၁၉ တွင် ထုတ်ပြန် ကြေညာခဲ့သည်။ လေကြောင်းလိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို
ရပ်ဆိုင်းထားပြီး နောက် ၁၂ နှစ်နီးပါးအကြာတွင် ၎င်း၏ တဲအဗစ်-အီလတ် လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
El Al လေကြောင်းလိုင်းသည်
လုံခြုံရေးနှင့် ငွေကြေးဆိုင်ရာ စိုးရိမ် ပူပန်မှုများကြောင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင်
ဘန်ဂူရီယံ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အီလတ်လေဆိပ်ဟောင်းကြား ပျံသန်းမှု များကို ရပ်ဆိုင်းခဲ့သည်။
အသစ်ပြန်လည်စတင်လိုက်သည့်
လေကြောင်းလိုင်းသည် ၂၀၁၉ ခုနှစ်တွင် အီလတ်မြို့လေဆိပ်ကို အစားထိုးခဲ့သည့် ရာမွန်လေဆိပ်သို့
ပြေးဆွဲ၍ ဝန်ဆောင်မှုများပေးသွားမည်ဖြစ်သည်။
လတ်တလောတွင် El Al သည် နိုင်ငံတကာလေကြောင်းများသာ
လည်ပတ်လျက်ရှိပြီး အစ္စရေး လေကြောင်းလိုင်းများဖြစ်သည့် အာကီယာနှင့် အစ်ရာအားသည် တဲအဗစ်-အီလတ်
လမ်းကြောင်းကို ပြေးဆွဲလျက်ရှိသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၏တောင်းဆိုချက်အရ စတင်ခဲ့သော လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှု သည် အစ္စရေးတောင်ပိုင်းနှင့် အီလတ်ဒေသခံများအတွက် ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ် သည်။ ထို့ပြင် နိုင်ငံအနှံ့ သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုများကို ပိုမိုအားကောင်းလာစေမည် ဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ဆင်ဟွာ
No comments