ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်အတွင်း ပညာရည်မြင့်မားရေး ဒေသခံများဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်နှင့် ပညာတတ်များပေါများမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မည်



နေပြည်တော် ဩဂုတ် ၁၉

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှနှင့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားသည်။


ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ချောက်မြို့ အမှတ်(၅)ရပ်ကွက်ရှိ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်မည့်မြေနေရာသို့ ရောက်ရှိ ကြရာ ချောက်ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ မြေပြုပြင်ခြင်းနှင့် မြေသားစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စွယ်တော်မြတ် စေတီတော်ကြီး အား စေတီတည်ဆောက်ရာတွင် သတ်မှတ်ထားသည့် အချိုးအစား များအတိုင်း စနစ်တကျတည် ဆောက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။


သီးခြားစီတွေ့ဆုံ

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ချောက်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌လည်း ကောင်း၊ ရေနံချောင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများအား ရေနံချောင်းမြို့ စွမ်းအင်ရိပ်သာရှိခန်းမ၌ လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအား တွေ့ဆုံဆွေးနွေး ပြောကြားသည်။


ရှင်းလင်းတင်ပြ

ထိုသို့ တွေ့ဆုံရာတွင် ဦးစွာ ချောက်ခရိုင်အုပ်ချုပ်ရေးမှူးက ချောက်ခရိုင်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စွယ်တော်မြတ်စေတီတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ချောက်မြို့သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိမှု၊ ချောက်မြို့ရှိ ကားကြီးကွင်းမြေနေရာနှင့် ခရီးသွားကား ကြီးကွင်းမြေနေရာတို့အား စနစ်တကျ ဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင် အတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများမြင့်မားစေရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက်အလက် များ၊ မြေအသုံးချမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြေအောက်ရေထိန်းသိမ်းရေးနှင့် မြို့ရေပေးဝေရေးအတွက် ဆောင်ရွက်ပေးထားမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ချောက်မြို့ရှိ မြို့မိမြို့ဖများက ချောက်မြို့ရှိ ပြည်သူ့ဆေးရုံအား အဆင့်မြှင့်တင်ပေး စေလိုမှုနှင့် ကျန်းမာ ရေးဝန်ထမ်းများ ဖြည့်ဆည်းပေး စေလိုမှု၊ မိုးလုံလေလုံ အားကစားခန်းမ လိုအပ်လျက်ရှိမှု၊ ပူပြင်းခြောက်သွေ့သည့် ချောက်မြို့တွင် ပူပြင်းသည့်ကာလ၌ အပူရှောင်နိုင်သည့် စွယ်တော်မြတ်စေတီတည် ထားကိုးကွယ်ရန် စီစဉ်ဆောင်ရွက်‌ပေးမှုအပေါ် ချောက်မြို့သူမြို့သားများ အနေဖြင့် ကျေးဇူးတင်လျက်ရှိမှု၊ ရေနံမြေဧရိယာအတွင်း ဆောက်လုပ်ထားသည့် နေအိမ် များနှင့် ပတ်သက်၍လည်းကောင်း၊ ရေနံချောင်းမြို့ရှိ ရပ်မိ ရပ်ဖများက ရေနံချောင်း တက္ကသိုလ်၌ ဘွဲ့နှင်း သဘင်ခန်းမ လိုအပ်လျက်ရှိမှု၊ ရေနံချောင်း စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလိုအပ်ချက်များ၊ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ခံတစ်ခုတည်ဆောက် ပေးစေလိုမှုနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။


ဖြည့်စွက်ဆွေးနွေး

ရှင်းလင်း တင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ က ရေနံမြေဧရိယာအတွင်းရှိ နေအိမ်များနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ နေထိုင်ခွင့်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ယာမြေများအား မြစ်ရေတင် စီမံကိန်းများဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ရေနံချောင်းဒေသအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဧရာဝတီ မြစ်ကြောင်းအား ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် အတွက် သုတေသနပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်က ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ် အတွင်း ယခုနှစ် မိုးရာသီတွင် မိုးကောင်းစွာ ရွာသွန်းမှုကြောင့် သီးနှံများစိုက်ပျိုးမှုကို ပိုမိုဖြစ်ထွန်းစေမှု၊ မြစ်ရေတင်လုပ်ငန်းများဖြင့်လည်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ တစ်ဧက ပန်းတိုင် အထွက်နှုန်းများတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။


စီမံဆောင်ရွက်ပေးခဲ့

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြီးခဲ့သည့် ကာလ ရောက်ရှိချိန်၌ ချောက် မြို့နယ်အတွင်း အပူဒဏ်ခံစားရမှုကို လျှော့ချနိုင်ရေးအတွက် စီမံဆောင်ရွက် ပေးခဲ့ကြောင်း၊ ယနေ့ လာရောက်ခဲ့ခြင်းမှာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာအေးချမ်းရေး အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေး စို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေး ကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း။


နောက်ဆုံးအချက်ဖြစ်သည့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ချောက်ဒေသနှင့် ရေနံချောင်းဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်းနေထိုင်သူများကလည်း မဖြစ်မနေပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက်ခင်း နှစ်ဧကစိုက်ပျိုးရန် သတ်မှတ်ထားပြီး ဆက်လက်တိုးချဲ့စိုက်ပျိုးသွားကြရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ဒေသအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်တစ်အိမ်လျှင် သစ်ပင်တစ်ပင်နှုန်းဖြင့် နှစ်စဉ်စိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်များထူထပ် များပြားလာပြီး သဘာဝပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်မှုကို များစွာအထောက်အကူပြုနိုင်မည် ဖြစ် ကြောင်း၊ ထိုသို့သစ်ပင်များစိုက်ပျိုး မှုကြောင့် အရိပ်အာဝါသများ ရရှိ နိုင်မည်ဖြစ်ပြီး အပူဒဏ်ကို ထိုက်သင့်သလောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ မိုးရာသီ မကုန်ဆုံးမီ ကာလအတွင်း ရပ်ကွက်အလိုက်၊ လမ်းအလိုက် သစ်ပင်များကို ရှင်သန်ဖြစ်ထွန်း အောင် စိုက်ပျိုးသွားကြစေလို ကြောင်း။


ဆန်ဖူလုံအောင်ဆောင်ရွက်

စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး နေရောင်ခြည် စွမ်းအင်သုံးမြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဒေသအတွင်း ဆန်ဖူလုံမှုများရှိလာမည်ဖြစ်ပြီး အခြားယာမြေများတွင် စိုက်ပျိုးသည့် သီးနှံများကို လည်း အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ အတွင်း ဆန်ဖူလုံမှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း။


ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ဖူလုံစွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသ စီးပွားရေးကို များစွာတိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား အခြားဒေသသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ဒေသအတွက် ဝင်ငွေများရရှိစေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး နိုင်ငံ အတွက်လည်း အကျိုးများစွာဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။


ပညာရေးကဏ္ဍနှင့် ပတ်သက် ၍ နေ့စဉ်လူမှုဘဝအတွက် အသိပညာ၊ အတတ်ပညာများ ရှိရန်လို ကြောင်း၊ အတန်းပညာများ တတ်မြောက်မှသာ အသိပညာ၊ အတတ်ပညာများ ရရှိမည်ဖြစ် ကြောင်း၊ လေ့လာမှုမှ အသိပညာ အတတ်ပညာကို ရရှိနိုင်သော်လည်း အတန်းပညာကို တတ်မြောက်ထားမည် ဆိုပါက ပိုမိုသိရှိနားလည်နိုင်မည် ဖြစ် ကြောင်း၊ ထို့ကြောင့် ပညာရည် မြင့်မားရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုသကဲ့သို့ တန်းစဉ် ကူးပြောင်းမှုများ လျော့နည်းမှု မရှိစေရေးအတွက် လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်အတွင်း ပညာရည် မြင့်မားရေး ဒေသခံများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ပညာတတ်များပေါ များမှသာ ဒေသတွင်းတည်ငြိမ် အေးချမ်းမှုကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း။


ဒုတိယမိဘများဖြစ်

အခြေခံပညာကျောင်းများ၌ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း ကျောင်းတက်ရောက်မှု အပေါ်မူတည်၍ တစ်ဦးချင်း၏ စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုများမှာ ကွာခြားသွားကြကြောင်း၊ ဆရာ ဆရာမများသည် ဒုတိယမိဘများဖြစ်ကြကြောင်း၊ ထို့ ကြောင့် မိမိတို့သားသမီးများ၏ အနာဂတ်များ ကောင်းမွန်စေရေး ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ကြား ပေးကြစေလိုကြောင်း၊ ပညာတတ်များဖြစ်မှသာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် လူငယ်များ အဖြစ် ရောက်ရှိမည်ဖြစ်ပြီး မိမိတို့ဘဝရပ်တည်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်းနေထိုင် ကြသူများအနေဖြင့် အသိစိတ် ရှိရှိဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း။


အမှန်တကယ် ဆောင်ရွက်နိုင်သူများရွေးချယ်

ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့် မြို့များတွင် စတင်ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန် ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊ ဒေသ၏အကျိုး တွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်သူများကိုသာ ရွေးချယ်ကြရန်လိုကြောင်း ပြောကြားသည်။


တွေ့ဆုံပွဲ အခမ်းအနားများ အပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌသည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.