နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲ ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်
နေပြည်တော် ဩဂုတ် ၁၉
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့် ယနေ့ နံနက်ပိုင်းတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာ ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး တို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးက မင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အဓိကသီးနှံများအား ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ဆန်နှင့် ဆီဖူလုံမှု၊ ဝါစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊ ကုန်ထုတ် လုပ်မှုများတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုအခြေအနေများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ မြို့နယ်အလိုက် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က မင်းဘူးခရိုင်အတွင်း စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင် လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက် နှုန်းတိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု၊ ဆန်ဖူလုံမှုရှိစေရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် မင်းဘူးမြို့ရှိ မြို့မိမြို့ဖ များက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အနေဖြင့် မင်းဘူးမြို့တွင် သောက်သုံးရေများ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးမှု၊ ဘိုးဘွားရိပ်သာပြုပြင်ဆောင်ရွက် ပေးမှုနှင့် မင်းဘူးမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်လှူဒါန်းပေးခဲ့မှု၊ လမ်းများပြုပြင် ဆောင်ရွက်ပေးခဲ့မှုများအပေါ် မြို့သူမြို့သားများ ကိုယ်စားကျေးဇူးတင်ရှိမှု၊ မင်းဘူးမြို့၌ ကောလိပ်တစ်ခု တည်ဆောက်ပေးစေလိုမှု၊ မြစ်ရေတင်လုပ်ငန်းအတွက် အရန်စက်တစ်လုံးထားရှိပေးစေလိုမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှ ချေးငွေများ ရရှိသဖြင့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင် ရွက်နိုင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာချာလီသန်းတို့က မင်းဘူးဒေသနှင့် ကိုက်ညီသည့်စပါးမျိုးကို စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဝန်ကြီးဌာနမှ ကွင်းဆင်း ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ရှိကာ အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများ စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီး အစိုးရနှင့် စိုက်ပျိုးရေးတောင်သူများက ဆောင်ရွက် သွားရန်လိုအပ်မှု၊ မင်းဘူးဒေသအတွင်း ပန်းတိုင်အထွက်နှုန်း ကောင်းမွန်လျက်ရှိပြီး ဆက်လက်၍ တိုးတက်အောင် ဆောင်ရွက်သွားကြစေလိုမှု၊ မင်းဘူးဒေသတွင် စပျစ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင် လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဈေးကွက် လိုအပ်ချက်များအပေါ် မူတည်၍ ပိုမို တိုးချဲ့စိုက်ပျိုးသွားနိုင်ရန်လိုအပ်မှု၊ ဝါစိုက် ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေးဆောင် ရွက်သွားစေလိုမှု၊ ဒေသအတွက်လိုအပ် သည့်လူသားအရင်းအမြစ်များရရှိစေရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေးစီမံ ချက်များ ချမှတ်ဆောင်ရွက်ပေးလျက်ရှိမှု၊ သဲကန္တာရမဖြစ်ပေါ်စေရေး စိမ်းလန်းစိုပြည်ရေး အလေးထားဆောင်ရွက် သွား ရန်လိုအပ်မှု၊ မင်းဘူးခရိုင်အတွင်း ဝါးကို အခြေခံသည့်ထုတ်ကုန်များ ထုတ်လုပ်နိုင် မှု၊ စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နည်း ပညာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိမှုနှင့်စက်ပစ္စည်းများရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကမ်းနီမြစ်ရေတင်စီမံကိန်းအား နေရောင် ခြည်စွမ်းအင်ဖြင့် ဆောင်ရွက်လျက်ရှိမှုနှင့် အရန်ရေတင်စက်အသင့်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များတွင် မင်းဘူးကားလမ်း တိုးချဲ့ပေးရေး၊ တက္ကသိုလ်ကောလိပ်များ တိုးချဲ့တည်ဆောက်ပေးရေးကို တင်ပြခဲ့ကြကြောင်း၊ တက္ကသိုလ်ကောလိပ် များကို ဖွင့်လှစ်ရန်အတွက် ခရိုင်အတွင်းရှိ ကျောင်းသား ကျောင်းသူများ၏ တန်းစဉ် ကူးပြောင်းမှုများကို တွက်ချက် ကြည့်ရန်လိုကြောင်း၊ မင်းဘူးဒေသတွင် တန်းစဉ်ကူးပြောင်းမှုမှာ လျော့နည်းလျက်ရှိသည် ကိုတွေ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးစီးသည့် သူများအတွက် Polytechnic ကျောင်းများ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း။
စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကျောင်းများတွင် တက်ရောက်ကြသူများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များအားလုံး၌ အဆင့်မြင့်ပညာကျောင်းများ ဖွင့်လှစ်ရန်ရည်ရွယ် ချက်ရှိပြီးဖြစ်ကြောင်း၊ အချို့တက္ကသိုလ် နှင့်ကောလိပ်များ၌ ကျောင်းတက်ရောက် သူများနည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်း၊ Polytechnic တက္ကသိုလ်များကို ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ နည်းပညာနှင့် အခြားသင်ကြား၍ရသည့် ပညာရပ်များ ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း။
လမ်းများတိုးချဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များ အတိုင်းဖြစ်စေရေး သတ်မှတ်ချက် များနှင့်အညီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာ၌ အိမ်ဆိုင်များ ဆောက်လုပ်ရောင်းချလျက်ရှိမှုကြောင့် သွားလာမှုအတွက်အနှောင့်အယှက်များ ဖြစ်သည်ကိုတွေ့ရ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ထားသည့်အိမ်ဆိုင်များနှင့် ပတ်သက်၍ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း။
မင်းဘူးမြို့သည် သမိုင်းအစဉ်အလာ များရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ အကျော်အမော်များ၊ ယဉ်ကျေးမှုအမွေ အနှစ်များရှိခဲ့သည့် မြို့ဖြစ်ကြောင်း၊ မြန်မာစာပေသမိုင်းတွင် ဇာတ်ကြီးဆယ်ဘွဲ့ ထဲမှ ဇာတ်တော်ကြီး ၈ ဘွဲ့ကို နောင်လာ နောက်သားများ အတုယူရအောင် စကား ပြေနှင့်ရေးသားတော်မူခဲ့သည့် ဆရာတော် ဦးဩဘာသသည် မင်းဘူးနယ်သား ထင်ရှားသည့် စာဆိုကျော်တစ်ဦးဖြစ် သည်ဆိုတာ ဂုဏ်ယူဖွယ်တွေ့ရှိရမည် ဖြစ်ကြောင်း၊ အလားတူ မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အသက်ပေးတာဝန် ထမ်းဆောင်သွားခဲ့သည့် အာဇာနည် ၉ ဦးတွင် တစ်ဦး အပါအဝင်ဖြစ်သည့် အတွင်းဝန် ဦးအုန်းမောင်သည်လည်း မင်းဘူးမြို့သား တစ်ဦးဖြစ်သည်ကို သိရှိကြပြီး ဖြစ်ကြောင်း။
ယခုအခါ မင်းဘူးဒေသသည် ဖွံ့ဖြိုး တိုးတက်လာပြီဖြစ်ပြီး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလို ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်ရန်လို ကြောင်း၊ ဒေသတွင်းရှိပြီးဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများမှ ထုတ်ကုန်များ ပိုမိုတိုးတက်ရရှိရေး တစ်ဧကပန်းတိုင် အထွက်နှုန်းအတိုင်းရရှိအောင် ဆောင်ရွက် သွားကြစေလိုကြောင်း။
ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်မှ ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများသည် ဒေသတိုးတက်ရေးအတွက် လက်တွေ့ကျသည့်၊ ဖြစ်နိုင်သည့် ကိစ္စရပ်များကို ကြိုတင်တွေးခေါ်မြော်မြင်ဆောင် ရွက်သွားရန်လိုကြောင်း၊ ဒေသအကျိုးအတွက် အမှန်တကယ် ချစ်မြတ်နိုးသည့် စိတ်ဖြင့် တာဝန်ထမ်းဆောင်နိုင်သည့်သူ ဖြစ်ရန်လိုကြောင်း။
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များ အလိုက် အဆင့်ဆင့်အုပ်ချုပ်ကြရပြီး သက်ဆိုင်ရာအဆင့်အလိုက် လုပ်ပိုင်ခွင့် ပေးထားပြီးဖြစ်ကြောင်း၊ ချမှတ်ပေးထား သည့်မူဝါဒများအတိုင်း လုပ်ငန်းများကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ဒေသအတွက် အမှန်တကယ်အကျိုးရှိမည်ဆိုပါက အဆင့်ဆင့် တင်ပြ၍ လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြပြီး ထက်ဝက်ကျော်ခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ခရိုင် အဆင့်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေကြသူများအနေ ဖြင့် မိမိတို့ဒေသ၏ အကြောင်းအရာများကို သိရှိရန်လိုပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်ပေးကြရန် လိုကြောင်း။
မင်းဘူးခရိုင်အနေဖြင့် ဆန်ဖူလုံမှုရှိသော်လည်း စေတုတ္တရာမြို့နယ်တွင် ဆန်ဖူလုံမှုလျော့နည်းလျက်ရှိကြောင်း၊ ယခုထက်ပိုမိုကောင်းမွန်ပြီး အထွက်နှုန်း ပိုမိုကောင်းမွန်သည့် စပါးမျိုးကောင်း မျိုးသန့်များကို စိုက်ပျိုး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူဆန်စက်လုပ်ငန်းများ ကောင်းမွန်နေရန်လည်းလိုကြောင်း၊ ဆန်စက် များမှထွက်ရှိသည့် ဆန်ကွဲ၊ ဖွဲများဖြင့် တိရစ္ဆာန်အစာများ ပြုလုပ်၍ရကြောင်း၊ ဆီထွက်သီးနှံများမှ နှမ်းဆီ၊ ပဲဆီများ ထုတ်လုပ်နိုင်သဖြင့် တန်ဖိုးရှိသည့် ထုတ်ကုန်များအတွက် ထုတ်လုပ်သွားရန်လိုကြောင်း၊ ဆီစက် များမှထွက်ရှိသည့် နှမ်းဖတ်၊ ပဲဖတ်များဖြင့်လည်း တိရစ္ဆာန်အစာများထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသ ကြီးအတွင်း၌ မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသစီးပွားရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ ပိုမိုတိုးတက်အောင်ဆောင် ရွက်နိုင်မည်ဆိုပါက ဒေသအတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာများ လိုအပ်ကြောင်း၊ ထို့ကြောင့် အတန်းပညာများ ရှိစေရေး ကျောင်းနေအရွယ် ကလေးငယ်များ အားလုံးကျောင်းတက်ရောက်နိုင်ပြီး တန်းစဉ် ကူးပြောင်းမှုများ ကောင်းမွန်စေ ရေးဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံး ပညာရည်မြင့်မားရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာတတ်များ ပေါများမှသာ အတတ်ပညာများ ပိုမို တတ်ကျွမ်းလာ မည်ဖြစ်ကြောင်း။
အခြားထုတ်ကုန်များကို ထုတ်လုပ်
ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မင်းဘူး ခရိုင်သည် ဝါစိုက်ပျိုးသည့် ခရိုင်များတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် ဝါကိုအခြေခံ သည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို စံပြအဖြစ် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်း စေမည်ဖြစ်ကြောင်း၊ အလားတူ ကြက်သွန်စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ကြက်သွန်များအား ရေရှည်သိုလှောင် အသုံးပြုနိုင်သည့် စည်သွတ်ဘူးများနှင့် အခြားထုတ်ကုန်များကို ထုတ်လုပ်ဆောင် ရွက်သွားကြရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍လည်း ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ သိုးများကို မွေးမြူ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မင်းဘူးဒေသည် အဓိကအားဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ခြင်းဖြစ်သဖြင့် မိမိအနေဖြင့် လုပ်ငန်းများပိုမိုတိုးတက်ဆောင်ရွက်နိုင် ရေးပြောကြားခြင်းဖြစ်ကြောင်း။
မင်းဘူးဒေသတွင် ဝါးများ များစွာ ထွက်ရှိကြောင်း၊ ဝါးဖြင့် ပြုလုပ်သည့် ကုန်ချောပစ္စည်းများနှင့် စက္ကူများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မင်းဘူးဒေသတွင် ဝါးကို ပျော့ဖတ်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် လိုကြောင်း၊ ဆီထွက်သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် နေကြာစိုက်ပျိုးထုတ်လုပ်မှုအား ယခုထက် ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားကြရန် အကြံပြုပြော ကြားလိုကြောင်း။
ပညာရေးနှင့်ပတ်သက်၍ ယခုအခါ တွင်လည်း မင်းဘူးမြို့နယ်မှ တက္ကသိုလ်ဝင်တန်းတွင် ဝင်ရောက်ဖြေဆိုသူ မောင်ဂျူးသက်ကိုသည် သုံးနှစ်ဆက်တိုက် လူရည်ချွန်သုံးထပ်ကွမ်းဖြစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာ တွဲ၌ ၆ ဘာသာဂုဏ်ထူးရရှိပြီး မြန်မာတစ်နိုင်ငံလုံးပထမ (The Whole Myanmar First) ရရှိခဲ့သည့်အတွက်လည်း မိမိအနေဖြင့် ဂုဏ်ယူပါကြောင်း၊ အလားတူ ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ကောင်းမွန်သည့် အစဉ်အလာကိုလည်း ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြ စေလိုကြောင်း၊ အောင်မြင်မှုအသီးအပွင့်များကိုလည်း ဆက်လက်ခံစားကြရပါစေကြောင်း ဆုမွန်တောင်းစကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ၆ ဘာသာဂုဏ်ထူးရှင် မြန်မာ တစ်နိုင်ငံလုံးပထမ (The Whole Myanmar First) ရရှိခဲ့သည့် မောင်ဂျူး သက်ကိုနှင့် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင်တို့အား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
No comments