မကွေးမြို့၌ မိုးနှောင်းဝါ စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
မကွေး ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး မကွေး မြို့နယ် သမဝါယမကဏ္ဍမှ ဆောင်ရွက်ထားသည့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှောင်းဝါစိုက်ပျိုးထားရှိ မှုအခြေအနေကို ယမန်နေ့နံနက် ပိုင်းက တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် အဖွဲ့က သွားရောက်ကြည့်ရှု စစ်ဆေးသည်။
မိုးနှောင်းဝါ စိုက်ပျိုးရန်အတွက် အထွက်တိုးမျိုးဖြစ်သည့် B 31 မျိုး စိုက်ပျိုးထားသည့် စည်ပင်သာ စိုက်ပျိုးရေးနှင့် အထွေထွေ သမ ဝါယမအသင်းမှ အသင်းသား တောင်သူ ဦးမင်းနိုင်၏ ဝါစိုက်ခင်း အား မကွေးတိုင်းဒေသကြီး သမ ဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်း၊ မြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီအေး နှင့် မြို့နယ်သမဝါယမ အသင်းစုတို့ က သွားရောက်ကြည့်ရှုကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထွန်းက တောင်သူများ ဝါစိုက်ပျိုးရာတွင် ပန်းတိုင်အထွက် နှုန်းရရှိစေရေးအတွက် စိုက်ပျိုး မြေပြုပြင်ပြီး မျိုးကောင်းမျိုးသန့် များ စိုက်ပျိုးပေးရန် လိုအပ် ကြောင်း၊ ရေရရှိရေးနှင့် နည်းပညာ များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီး အရာရှိက ဝါစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)
No comments