ထားဝယ်မြို့၌ ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

 



ထားဝယ် ဩဂုတ် ၂၅

၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ တနင်္သာရီတိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်သည်။

ကြည့်ရှုအားပေး

ထို့နောက် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့ များက အသက်ငါးနှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေး တိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အဏုအာဟာရဆေးများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ပြခန်းကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။

မွန်းလွဲပိုင်းတွင် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီး လုပ်ငန်းကော်မတီဝင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.