မြောက်ဥက္ကလာပမြို့နယ်၌ KG ကျောင်းသား ကျောင်းသူများအား ပြင်းထန်၀မ်းပျက် ၀မ်းလျှောရောဂါ ကာကွယ်ဆေးများ တိုက်ကျွေး
ရန်ကုန် ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံ ပညာကျောင်းများရှိ KG ကျောင်းသား ကျောင်းသူများ ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီ က အခြေခံပညာကျောင်းများတွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးတိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော အသက်ငါးနှစ်မှ ခုနစ်နှစ်ကြား KG ကျောင်းသား ကျောင်းသူများ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး စနစ်တကျ တိုက်ကျွေးကြသည်။
အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် (၁) ဗိုလ်မှူး ဖြိုးဝေလင်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ပြင်းထန်၀မ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးမည့် KG တန်းကလေးငယ် ၅၂၂၃ ဦးရှိရာ နှစ်ရက်အတွင်း အခြေခံပညာကျောင်းများသို့ကွင်းဆင်းကာ ကာကွယ် ဆေးလွှမ်းခြုံနိုင်ရေး တိုက်ကျွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)
No comments