အိမ်မဲမြို့နယ်၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး စစ်ဆေးဆောင်ရွက်
အိမ်မဲ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိ ပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အိမ်မဲမြို့မ ဈေးတွင် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယ ဦးစီးမှူးဦးတင်မျိုးဝင်း ဦးဆောင်၍ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ် လျှပ်စစ်ရုံးတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက အိမ်မဲမြို့မဈေး၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တာဝန်ရှိသူများက ဈေးသူ ဈေးသားများကို မီးငြှိမ်းသတ် ခြင်းဆိုင်ရာ အကြောင်းအရာများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဧရာဦးသာ
No comments