ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့်ပတ်သက်၍ သတင်းမှန်သိရှိနိုင်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆွေးနွေး




နေပြည်တော် ဩဂုတ် ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-ထိုင်း ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး-ငြိမ်း)နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီစောင့်ရှောက်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနှင့်ပတ်သက်၍ သတင်းမှန် သိရှိနိုင်ရေးဆိုင်ရာများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments

Powered by Blogger.