ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပသည့် နှစ်(၈၀)ပြည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်
နေပြည်တော် ဩဂုတ် ၁၉
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Gen. Luong Tam Quang ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဩဂုတ် ၁၇ ရက်တွင်ကျင်းပသည့် နှစ် (၈၀)ပြည့် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့နေ့ (The 80th Anniversary of the Traditional Day of the Viet Nam People's Public Security) အခမ်းအနားသို့ တက်ရောက်ရန် ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ဟိုချီမင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး H.E. Mr. To Lam နှင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Gen. Luong Tam Quang နှင့်လည်းကောင်း တွေ့ဆုံ၍ နှစ်နိုင်ငံနှင့် ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Gen. Luong Tam Quang က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဩဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ် အမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသော နှစ်(၈၀)ပြည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ နေ့(The 80th Anniversary of the Traditional Day of the Viet Nam People's Public Security)အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဗီယက်နမ်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။
ပြည်သူ့ရဲအကယ်ဒမီလေ့လာ
ဩဂုတ် ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်သူ့ရဲအကယ်ဒမီသို့ သွားရောက်လေ့လာခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ နှစ်(၈၀)ပြည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments