ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးလျာထားဧက ( ၄၆၇၅၇ ) ဧကစိုက်ပျိုးပြီးစီး
ပေါက်ခေါင်း ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင်
ရာသီအလိုက် အဓိကစိုက်ပျိုးသော သီးနှံတစ်မျိုးဖြစ်သည့် မိုးစပါးကို ဧကပေါင်း (၄၆၇၅၇)ဧက
စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူအများစုသည်
တောင်သူလယ်သမားများ ဖြစ်ကြပြီး စိုက်ပျိုးရန်မြေဧက
အလွန်ပေါများသည့်အပြင် တစ်နှစ်ပတ်လုံး သီးနှံမျိုးစုံ စိုက်ပျိုးနိုင်စေရန် အတွက် တောင်နဝင်းရေလှောင်တမံကလည်း
တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသောကြောင့် ဩဂုတ် ၂၀ ရက်အထိ မိုးစပါးစိုက်ဧက ( ၄၆၇၅၇
) ဧကကို လျာထားချက်အပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ
သိရသည်။
ထို့အပြင် မိုးစပါးကို တောင်သူလယ်သမားများ၏ လယ်ယာမြေများတွင်
လျာထားဧကပြည့်မီ ကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက်
မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့်
စက်ပစ္စည်းအကူအညီများနှင့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း
သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)
No comments