မွန်ဂိုလီးယားနိုင်ငံသို့ နိုင်ငံတကာခရီးသွား ၄၅၇၁၅၈ ဦး ဝင်ရောက်မှုရှိ
ဩဂုတ်
၂၀
မွန်ဂိုလီးယားနိုင်ငံသို့
၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း ခရီးသွား ၄၅၇၁၅၈ ဦး ဝင်ရောက်မှုရှိရာ ယခင်နှစ်က ခရီးသွားဝင်ရောက်မှုထက်
၂၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ယမန်နေ့ကဖော်ပြသောအချက်အလက်အရ သိရသည်။
အဆိုပါကာလအတွင်း
နိုင်ငံသို့လာရောက်လည်ပတ်သောခရီးသွားများအနက် အများစုသည် တရုတ်နိုင်ငံမှဖြစ်သည်ဟု ဖော်ပြထားသည်။
ယဉ်ကျေးမှု၊
အားကစား၊ ခရီးသွားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ပြောကြားချက်အရ လေးရာသီခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်
၂၀၂၈ ခုနှစ်အထိ မွန်ဂိုလီးယားခရီးသွားနှစ် ခရီးသွားလုပ်ငန်းအစီအစဉ်ကိုဆက်လက်လုပ်ဆောင်ရန်
အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
၂၀၂၄
ခုနှစ်က နိုင်ငံတကာခရီးသွားဦးရေ ၇၂၇၄၀၀ လာရောက်ခဲ့ရာ ခရီးသွားကဏ္ဍမှအမေရိကန်ဒေါ်လာ
၁ ဒသမ ၆ ဘီလီယံဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments